ယေဇကျေလ 33:20 - Common Language Bible20 သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု ဆို လေ့ ရှိ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible20 သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုးသားတို့၊ သင်တို့အသီးအသီး ပြုကြသည်အတိုင်း ငါစီရင်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။