သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
ယေဇကျေလ 32:12 - မြန်မာ့စံမီသမ္မာကျမ်း သင်၏လူအလုံးအရင်းကို ခွန်အားကြီးသောစစ်သူရဲတို့၏ဓားဖြင့် ကျဆုံးစေမည်။ အကြမ်းကြုတ်ဆုံးလူမျိုးအပေါင်းတို့သည် အီဂျစ်ပြည်၏မာနကို ချိုးပစ်လိမ့်မည်။ သူ၏လူအလုံးအရင်းတို့သည် ပျက်စီးသွားရလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။- Garrad Bible ငါ သည် လူ မျိုး ခြား တို့ အ နက် ကြမ်း ကြုတ် လှ သော သူ ရဲ ကောင်း တို့ ဓား ဖြင့်၊ ပြည် သူ ပြည် သား တို့ ကို လုပ် ကြံ ပယ် ရှား လျက်၊ အိ ဂျစ် ပြည် စည်း စိမ် ကို သူ တို့ လု ယက် ကြ လိမ့် မည်။ Judson Bible ခွန်အားကြီးသောသူ၊ ကြောက်မက်ဖွယ်သော လူမျိုးအပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲစေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သားအလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။ |
သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
သင်နှင့်သိကျွမ်းခဲ့သောလူမျိုးအပေါင်းတို့သည် သင့်ကိုအံ့အားသင့်ကြလေပြီ။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
အကြမ်းကြုတ်ဆုံးလူမျိုးဖြစ်သော ထိုဘုရင်နှင့် သူ၏စစ်သည်တို့သည် ရောက်လာ၍ ထိုပြည်ကို ဖျက်ဆီးပစ်ကြလိမ့်မည်။ အီဂျစ်ပြည်ကို ဓားနှင့်တိုက်ခိုက်သဖြင့် တစ်ပြည်လုံးကို အသေကောင်များဖြင့် ပြည့်စေမည်။
ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။
“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်