Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 30:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကြမ်းကြုတ်ဆုံး​လူမျိုး​ဖြစ်​သော ထို​ဘုရင်​နှင့် သူ​၏​စစ်သည်​တို့​သည် ရောက်လာ​၍ ထို​ပြည်​ကို ဖျက်ဆီး​ပစ်​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​ကို ဓား​နှင့်​တိုက်ခိုက်​သဖြင့် တစ်ပြည်လုံး​ကို အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို မင်း သည် လူ မျိုး ခြား တို့ ထက် ကြမ်း ကြုတ် လှ သော ဗိုလ် ထု တို့ ပါ၊ အိ ဂျစ် ပြည် ကို ဖျက် ဆီး ရန် ချီ ဝင် ခွင့် ရ သည့် အ လျောက်၊ ဓား ချွတ် ၍၊ လုပ် ကြံ ခံ ရ သူ့ အ သေ ကောင် တို့ နှင့် ပြည့် စေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​ရှင်​ဘု​ရင်​နှင့်​တ​ကွ သူ၏​လူ​များ၊ ကြောက်​မက်​ဖွယ်​သော​လူ​မျိုး​များ​တို့​သည် အဲ​ဂု​တ္တု​ပြည်​ကို ဖျက်​ဆီး​ခြင်း​ငှာ​လာ၍၊ ဓား​ကိုင်​လျက် တစ်​ပြည်​လုံး​ကို သူ​ရဲ​တို့​နှင့် ပြည့်​စေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 30:11
14 ပူးပေါင်းရင်းမြစ်များ  

‘ငါ​သည် ကြမ်းကြုတ်​သော လူမျိုးခြား​တိုင်းတစ်ပါးသား​တို့​ကို သင့်​ထံသို့​ခေါ်လာ​မည်​။ သူ​တို့​သည် ဓား​ကို​ထုတ်​၍ သင်​၏​ပညာ​ဂုဏ်​ကို ဖျက်ဆီး​မည်​။ သင်​၏​ခန့်ညားထည်ဝါမှု​ကို ဖျောက်ဖျက်​ပစ်​မည်​။


ဘေဘီလုံ​ဘုရင်​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​၍ ငါ့​ဓား​ကို သူ့​လက်​သို့​အပ်​မည်​။ သို့သော် ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​သဖြင့် သူ​သည် ဘေဘီလုံ​ဘုရင်​ရှေ့​တွင် သေလုမြောပါး​ဒဏ်ရာရ​သူ​ညည်းတွား​သကဲ့သို့ ညည်းတွား​ရ​လိမ့်မည်​။


ထို့ကြောင့် သူ​၏​ဆိုးယုတ်မှု​ကို ကြပ်တည်း​စွာ​ဆုံးမ​မည့် လူမျိုးခြား​တို့​၏​ဘုရင်​တစ်ပါး​လက်​သို့ ငါ​အပ်လိုက်​၏​။ သူ့​ကို ငါ​နှင်ထုတ်​ပစ်​ပြီ​။


အကြမ်းကြုတ်ဆုံး လူမျိုးခြား​တိုင်းတစ်ပါးသား​တို့​သည် သူ့​ကို​ခုတ်​ပြီး ပစ်​ထား​ကြ​လိမ့်မည်​။ အကိုင်းအခက်​တို့​သည် တောင်​ပေါ်​၊ ချိုင့်ဝှမ်း​ရှိသမျှ​တွင် လဲပုံ​လျက်​နေ​လိမ့်မည်​။ အခက်အလက်​တို့​သည်​လည်း တစ်ပြည်လုံး​ရှိ မြစ်ချောင်း​များ​တွင် ကျိုးကျ​နေ​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​လည်း သူ​၏​အရိပ်​အောက်​မှ​ထွက်​၍ သူ့​ကို​စွန့်ခွာ​သွား​ကြ​လိမ့်မည်​။


သင်​၏​လူအလုံးအရင်း​ကို ခွန်အားကြီး​သော​စစ်သူရဲ​တို့​၏​ဓား​ဖြင့် ကျဆုံး​စေ​မည်​။ အကြမ်းကြုတ်ဆုံး​လူမျိုး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​၏​မာန​ကို ချိုး​ပစ်​လိမ့်မည်​။ သူ​၏​လူအလုံးအရင်း​တို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


တောင်တန်း​များ​ပေါ်တွင် အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။ တောင်ကုန်း​၊ ချိုင့်ဝှမ်း​၊ မြစ်ချောင်း​များ​တွင်​လည်း ဓား​ဖြင့်​သေ​သော​သူ​တို့ ပုံ​လျက်​နေ​လိမ့်မည်​။


သင်​နှင့်​သင်​၏​စစ်သည်​အားလုံး​အပါအဝင် သင်​၌​ရှိ​သော​လူ​တို့​သည် အစ္စရေး​တောင်​များ​ပေါ်တွင် ကျဆုံး​ကြ​လိမ့်မည်​။ သင့်​ကို အသားစားငှက်​အမျိုးမျိုး​နှင့် တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ ဖြစ်​စေ​မည်​။


သူ​တို့​သည် မျက်နှာ​ထား​ခက်ထန်​၍ အသက်ကြီး​သူ​ကို မ​လေးစား​၊ အသက်ငယ်သူ​ကို မ​သနား​သော လူမျိုး​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ