Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 32:12 - Common Language Bible

12 ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ သည် လူ မျိုး ခြား တို့ အ နက် ကြမ်း ကြုတ် လှ သော သူ ရဲ ကောင်း တို့ ဓား ဖြင့်၊ ပြည် သူ ပြည် သား တို့ ကို လုပ် ကြံ ပယ် ရှား လျက်၊ အိ ဂျစ် ပြည် စည်း စိမ် ကို သူ တို့ လု ယက် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ခွန်​အား​ကြီး​သော​သူ၊ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​အ​ပေါင်း​တို့​ဖြင့် သင်၏​အ​လုံး​အ​ရင်း​ကို ငါ​လဲ​စေ​မည်။ သူ​တို့​သည် အဲ​ဂု​တ္တု​မာ​န​ကို နှိမ့်​ချ၍၊ ပြည်​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​၏​လူအလုံးအရင်း​ကို ခွန်အားကြီး​သော​စစ်သူရဲ​တို့​၏​ဓား​ဖြင့် ကျဆုံး​စေ​မည်​။ အကြမ်းကြုတ်ဆုံး​လူမျိုး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​၏​မာန​ကို ချိုး​ပစ်​လိမ့်မည်​။ သူ​၏​လူအလုံးအရင်း​တို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 32:12
11 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။


သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​သ​နား​ညှာ​တာ​မှု​ကင်း​ခဲ့​သည့် တိုင်း​တစ်​ပါး​သား​တို့​အား သင့်​ကို​တိုက်​ခိုက် ရန်​ခေါ်​ဆောင်​ခဲ့​မည်။ အ​သိ​ပ​ညာ​နှင့်​အ​လှ အ​ပ​အား​ဖြင့် သင်​စု​ဆောင်း​ထား​သ​မျှ​သော ပစ္စည်း​ဥစ္စာ​တို့​ကို​သူ​တို့​သည်​ဖျက်​ဆီး​ပစ် ကြ​လိမ့်​မည်။-


သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-


သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။-


ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။-


ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ