အီဂျစ်ပြည်ကိုဆန့်ကျင်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အကြံအစည်တော်ကြောင့် အီဂျစ်ပြည်သည် ယုဒပြည်ကို ကြောက်လိမ့်မည်။ ယုဒပြည်ဟုပြောရုံမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
ယေဇကျေလ 30:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။ Common Language Bible ``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ရောက် အံ့ သော ထို နေ့ ရက်၌၊ စိတ် ချ လျက် နေ သော ကု ရှ ပြည် သား တို့ ကို ချောက် ချား စေ ခြင်း ငှာ၊ သင်္ဘော စီး သူ တ မန် တို့ သည်၊ ရှေ့ တော် က ထွက် သွား သည့် အ လျောက်၊ အိ ဂျစ် ပြည် ပျက် သော နေ့ ရက် ကဲ့ သို့ တုန် လှုပ် ကြ ရ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible ထိုအခါ စိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှာ၊ ငါစေလွှတ်သောတမန်တို့သည် သင်္ဘောစီး၍ သွားကြသဖြင့်၊ အဲဂုတ္တပြည်၏အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။ |
အီဂျစ်ပြည်ကိုဆန့်ကျင်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အကြံအစည်တော်ကြောင့် အီဂျစ်ပြည်သည် ယုဒပြည်ကို ကြောက်လိမ့်မည်။ ယုဒပြည်ဟုပြောရုံမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
တိုင်ရာမြို့၏သတင်းသည် အီဂျစ်ပြည်သို့ရောက်လာသောအခါ ထိုသတင်းကြောင့် သူတို့တုန်လှုပ်ကြလိမ့်မည်။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
သူတို့လဲကျသောအသံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို ပင်လယ်နီတိုင်အောင် ကြားရမည်။
ထာဝရဘုရားက “ထကြ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပြီး စိုးရိမ်ကြောင့်ကြမှုမရှိသောလူမျိုး၊ မြို့တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ တသီးတခြားနေထိုင်သောလူမျိုးထံ စစ်ချီကြ”ဟု မိန့်တော်မူ၏။
ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။
သို့သော် ထိုစကားတို့ အမှန်ဖြစ်လာသောအခါမှ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
ထိုအခါ သင်က မြို့ရိုးမရှိသောကျေးရွာများကို ဝင်တိုက်မည်။ တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ မြို့ရိုးမရှိသော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေးနေထိုင်သော ထိုပြည်သားတို့ကို ဝင်တိုက်မည်ဟု ပြောလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘စိတ်အေးလက်အေးနေနေသော မာဂေါဂပြည်နှင့် ကမ်းရိုးတန်းဒေသတို့တွင် မီးကျစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
“အို အီသီယိုးပီးယားလူမျိုးတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် ကွပ်မျက်ခံရလိမ့်မည်။”
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။