Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 39:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်အေးလက်အေး​နေ​နေ​သော မာဂေါဂ​ပြည်​နှင့် ကမ်းရိုးတန်းဒေသ​တို့​တွင် မီးကျ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မာ ဂေါ ဂ ပြည် မှ စ၍၊ ဘေး မ မြော် မြင် ဘဲ၊ ကမ်း ခြေ တစ် လျှောက် နေ ထိုင် သူ တို့ အ ပေါ် သို့ လောင် မီး ကျ စေ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း၊ ၎င်း တို့ သိ ရ ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 39:6
21 ပူးပေါင်းရင်းမြစ်များ  

တာရှု​ဘုရင်​နှင့်​ကမ်းရိုးတန်း​နိုင်ငံ​များ​မှ ရှင်ဘုရင်​တို့​သည် လက်ဆောင်ပဏ္ဏာ​ကို ယူဆောင်​လာ​ကြ​ပါစေသော​။ ရှေဘ​ဘုရင်​နှင့်​သေဘ​ဘုရင်​တို့​သည်​လည်း အခွန်​ကို ဆက်သ​ကြ​ပါစေသော​။


သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ပုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။


တိုင်ရာ​ဘုရင်​အားလုံး​၊ ဆီဒုန်​ဘုရင်​အားလုံး​၊ ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကမ်းရိုးတန်းဒေသ​များ​မှ​ဘုရင်​များ​၊


အီဂျစ်​ပြည်​ကို မီးရှို့​ပစ်​လိုက်​သောအခါ သိန်​မြို့ အလူးအလိမ့်​ခံရ​မည်​။ နော​မြို့ ပြိုပျက်​သွား​မည်​။ မင်ဖစ်​မြို့ အစဉ်​ဆင်းရဲဒုက္ခ​ခံရ​မည်​။


အီဂျစ်​ပြည်​ကို မီးရှို့​၍ သူ့​ကို​ကူညီ​သူ​တို့​အား ဖျက်ဆီး​ပစ်​လိုက်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။


ထို​နေ့​တွင် ငါ​သည် တမန်​တို့​ကို သင်္ဘော​ဖြင့်​စေလွှတ်​၍ သူ​တို့​သည် စိတ်အေးလက်အေး​နေ​သော အီသီယိုးပီးယား​ပြည်သား​တို့​အား ခြောက်လှန့်​မည်​။ အီဂျစ်​ပြည်​ကြောင့် ထိတ်ထိတ်ပျာပျာ​ဖြစ်​သော​နေ့​ကဲ့သို့​ဖြစ်​ရ​မည့်​နေ့ အမှန်​ရောက်လာ​မည်’​ဟု မိန့်​တော်မူ​၏​။


အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ထိုအခါ သင်​က မြို့ရိုး​မ​ရှိ​သော​ကျေးရွာ​များ​ကို ဝင်တိုက်​မည်​။ တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ မြို့ရိုး​မ​ရှိ​သော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေး​နေထိုင်​သော ထို​ပြည်သား​တို့​ကို ဝင်တိုက်​မည်​ဟု ပြော​လိမ့်မည်​။


ရှေဘ​ပြည်​၊ ဒေဒန်​ပြည်​၊ တာရှု​ပြည်​တို့​မှ ကုန်သည်​များ​နှင့် သူ​တို့​၏​ခြင်္သေ့ပျို​တို့​က သင့်​အား သင်​သည် ပစ္စည်း​တို့​ကို​လုယူ​ရန် လာ​သလော​။ ရွှေ​ငွေ​တို့​ကို သယ်ဆောင်​သွား​ရန်​၊ တိရစ္ဆာန်​များ​နှင့် စည်းစိမ်ဥစ္စာ​များ​ကို ယူဆောင်​သွား​ရန်​၊ အမြောက်အမြား​တိုက်ခိုက်လုယက်​ရန်​၊ ဥစ္စာဘဏ္ဍာ​တို့​ကို တိုက်ခိုက်သိမ်းယူ​ရန် သင်​၏​လူအုပ်ကြီး​ကို စုဝေး​စေ​သလော​ဟု မေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​၏​။


“​အချင်း​လူသား​၊ မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​တို့​၏​အကြီးအကဲ​ခေါင်းဆောင်​ဖြစ်​သော မာဂေါဂ​ဘုရင်​ဂေါဂ​မင်းကြီး​ရှိ​ရာ​သို့​မျက်နှာမူ​ပြီး သူ့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။


ဂေါမာ​အမျိုး​နှင့်​သူ​၏​စစ်သည်​များ​၊ မြောက်​ပြည်​စွန်း​မှ တောဂါမ​အမျိုးအနွယ်​နှင့် သူ​၏​စစ်သည်​များ စသော လူ​အမြောက်အမြား​တို့​လည်း သင်​နှင့်အတူ​ပါလာ​မည်​။


ငါ​မိန့်ဆို​ထား​သည့်​အတိုင်း သင်​သည် ကွင်းပြင်​တွင် လဲကျ​သေဆုံး​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ထို့ကြောင့် ငါ​သည် ဂါဇ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။


ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။


သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​ကျယ်ပြန့်​သော​အရပ်​သို့​ချီတက်​လာ​၍ သန့်ရှင်း​သူ​တို့​၏​စခန်း​နှင့် ချစ်​တော်မူ​သော​မြို့​ကို ဝိုင်း​ကြ​၏။ ထိုအခါ ကောင်းကင်​မှ မီး​ကျ​လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​လေ​၏။


ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ