ဟေရှာယ 47:8 - မြန်မာ့စံမီသမ္မာကျမ်း8 “ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။ အခန်းကိုကြည့်ပါ။Common Language Bible8 ``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ငါ မှ တစ် ပါး၊ မည် သူ မျှ မ ရှိ။ မု ဆိုး မ အ ဖြစ် ကို လည်း ကောင်း၊ သား ဆုံး ပါး ခြင်း ကို လည်း ကောင်း၊ ငါ မ ခံ ရ ဟု စိတ် တွင် အောက် မေ့ လျက်၊ ပျော် မွေ့ လျစ် လျူ စွာ နေ ထိုင် သူ၊ ယ ခု နား ထောင် လော့။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုကြောင့်၊ ကာမဂုဏ်၌ပျော်မွေ့၍၊ သောကကင်းလွတ်လျက် နေသောသူ၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိ။ ငါသည် မုဆိုးမကဲ့သို့ ထိုင်၍မနေရ။ သားဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင်လော့။ အခန်းကိုကြည့်ပါ။ |
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။