ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
ယေဇကျေလ 30:14 - မြန်မာ့စံမီသမ္မာကျမ်း ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။ Common Language Bible အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။- Garrad Bible ပါ သ ရု ပြည် ကို ဆိတ် ညံ ရာ ရောက် စေ ခြင်း၊ ဇော န မြို့၌ မီး မွေး ခြင်း၊ နော မြို့ အား စီ ရင် ဒဏ် ခတ် ခြင်း၊ Judson Bible ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။ |
ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။
ဇောနမြို့၏အကြီးအကဲတို့သည် မိုက်မဲကြပြီ။ မင်ဖစ်မြို့၏အကြီးအကဲတို့သည် လှည့်စားကြပြီ။ အီဂျစ်ပြည်၏ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတို့ကို လမ်းလွဲစေကြပြီ။
သူ၏အကြီးအကဲတို့သည် ဇောနမြို့၌ရှိ၍ သူ၏သံတမန်တို့သည် ဟာနက်မြို့သို့ရောက်ကြပြီ။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
လူအုပ်ကြီးဖြစ်သော မိမိတို့မယားက အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြောင်းကို သိသောယောက်ျားများနှင့် သူတို့အနီးတွင်ရပ်နေသောမိန်းမများအားလုံး၊ အီဂျစ်ပြည် ပါသရုမြို့သားအားလုံးက ယေရမိအား
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ဖမ်းခေါ်သွားခြင်းခံရသော အီဂျစ်ပြည်သားတို့ကို ပြန်ခေါ်လာ၍ သူတို့ဇာတိမြေ ပါသရုပြည်သို့ပြန်လာစေမည်။ ထိုပြည်ကို သိမ်ငယ်သောပြည်ဖြစ်စေမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
အီဂျစ်ပြည်၏ခံတပ်မြို့ဖြစ်သော သိန်မြို့ပေါ်သို့ ငါ့အမျက်ကိုသွန်ချမည်။ နောမြို့၏အင်အားထုကြီးကို ဖျက်ဆီးပစ်မည်။
အီဂျစ်ပြည်ကို မီးရှို့ပစ်လိုက်သောအခါ သိန်မြို့ အလူးအလိမ့်ခံရမည်။ နောမြို့ ပြိုပျက်သွားမည်။ မင်ဖစ်မြို့ အစဉ်ဆင်းရဲဒုက္ခခံရမည်။
ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အီဂျစ်ပြည်ကို မီးရှို့၍ သူ့ကိုကူညီသူတို့အား ဖျက်ဆီးပစ်လိုက်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။
သင်သည် ရေပတ်လည်ဝိုင်းလျက် ပင်လယ်တံတိုင်း၊ ရေမြို့ရိုးဖြင့်ကာရံထား၍ နိုင်းမြစ်နံဘေးတွင်တည်သော နောအာမုန်မြို့ထက် ခိုင်ခံ့သလော။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)