ယေဇကျေလ 30:14 - Common Language Bible14 အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ပါ သ ရု ပြည် ကို ဆိတ် ညံ ရာ ရောက် စေ ခြင်း၊ ဇော န မြို့၌ မီး မွေး ခြင်း၊ နော မြို့ အား စီ ရင် ဒဏ် ခတ် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)