သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။
ယေဇကျေလ 3:26 - မြန်မာ့စံမီသမ္မာကျမ်း သင်၏လျှာကို အာခေါင်၌ကပ်စေမည်။ သင့်ကို ဆွံ့အစေမည်။ သူတို့အား ဆုံးမနိုင်တော့မည်မဟုတ်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၏။ Common Language Bible ဤပုန်ကန်တတ်သူတို့အားသတိမပေး နိုင်စေရန် ငါသည်သင်၏လျှာကိုအာခေါင် တွင်ကပ်၍နေစေမည်။- Garrad Bible ငါ လည်း သင့် အာ ခေါင် ၌ လျှာ ကို ကပ် စေ၍၊ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး တို့ အား၊ မ ပဲ့ ပြင် ဘဲ ဆိတ် ဆိတ် နေ လော့။ Judson Bible သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှာ၊ စကားအလျက် သင့်လျှာကို အာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။ |
သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။
အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
ထိုအခါ သင်သည် တိတ်ဆိတ်မနေဘဲ နှုတ်ကိုဖွင့်၍ လွတ်မြောက်လာသူနှင့် စကားပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သူတို့အဖို့ နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြန်ပြော၏။
ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။
ထိုသူသည် ငါ့အား ထိုသို့သောစကားများကိုပြောဆိုသောအခါ ငါသည် မြေကြီးကိုစိုက်ကြည့်၍ နှုတ်ဆွံ့အသွား၏။
သို့သော် အဘယ်သူကိုမျှ အပြစ်မတင်နှင့်။ အဘယ်သူကိုမျှ မဆုံးမနှင့်။ သင်၏လူတို့သည် ယဇ်ပုရောဟိတ်ကို အပြစ်တင်သောသူဖြစ်၏။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။