Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:26 - Common Language Bible

26 ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ငါ လည်း သင့် အာ ခေါင် ၌ လျှာ ကို ကပ် စေ၍၊ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး တို့ အား၊ မ ပဲ့ ပြင် ဘဲ ဆိတ် ဆိတ် နေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သင်​သည် သူ​တို့​ကို မ​ဆုံး​မ​ဘဲ​နေ​စေ​ခြင်း​ငှာ၊ စ​ကား​အ​လျက် သင့်​လျှာ​ကို အာ​ခေါင်၌ ကပ်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သင်​၏​လျှာ​ကို အာခေါင်​၌​ကပ်​စေ​မည်​။ သင့်​ကို ဆွံ့အ​စေ​မည်​။ သူ​တို့​အား ဆုံးမ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:26
18 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင့်​ကို​သ​တိ​မ​ရ​လျှင်​သော်​လည်း​ကောင်း၊ သင့်​ကို​ငါ့​အား​ဝမ်း​မြောက်​ရွှင်​လန်း​ဆုံး​ဖြစ်​စေ​သည့် မြို့​အ​ဖြစ်​ဖြင့် အ​မြတ်​တ​နိုး​မ​ထား​လျှင်​သော်​လည်း​ကောင်း ငါ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ သီ​ချင်း​မ​ဆို​နိုင်​ဘဲ​နေ​ပါ​စေ​သော။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ကို​ဖွင့်​တော်​မူ​ပါ။ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။


ထာ​ဝ​ရ​ဘု​ရား​က``အို ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​တို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ကို​နား​ထောင်​ကြ​လော့။ ငါ​ကျွေး​မွေး​ပြု​စု​ထား​သည့်​သား​သ​မီး​များ​သည်​ငါ့​အား​ပုန်​ကန်​ကြ​လေ​ပြီ။-


သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။


မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''


``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။-


ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။


ထို​သူ​ဤ​သို့​ဆို​သော​အ​ခါ​ငါ​သည်​စ​ကား မ​ပြော​နိုင်​ဘဲ​မြေ​ကြီး​ကို​စိုက်​၍​ကြည့်​လျက် နေ​၏။-


ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​၌​စွဲ​လန်း​ကြ​၏။ ရှိ​စေ တော့။-


ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-


ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ