Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​နှင့်​ငါ​စကားပြော​သောအခါ သင့်​နှုတ်​ကို​ဖွင့်ပေး​မည်​။ ထိုအခါ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်​’​ဟု သူ​တို့​အား ပြော​ရ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် နားထောင်​လို​သော​သူ နားထောင်​ပါစေ​။ နားမထောင်​လို​သော​သူ​လည်း နားမထောင်​ဘဲ​နေ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ငါ မိန့် မြွက် ပြန် သော် ကား ပြော ဆို ခွင့် ရ သည့် အ တိုင်း၊ သင် က အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု ဆင့် ဆို ရ မည်။ နား ထောင် သူ သည် နား ထောင် စေ။ ပုန် ကန် လေ့ ရှိ သော လူ မျိုး ဖြစ် သည့် အ လျောက်၊ နား မ ထောင် သူ သည် နား မ ထောင် ဘဲ နေ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:27
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​သော​အရာ​အလုံးစုံ​ကို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​အား ငါ​ပြောပြ​၏​။


သူ​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ​ဖြစ်​ကြ​၏​။ ထို့ကြောင့် သူ​တို့​ထံသို့ သင့်​ကို​စေလွှတ်​၍ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​စေ​ခြင်း​ဖြစ်​၏​။


သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ရ​လိမ့်မည်​။


ထိုအခါ သင်​သည် တိတ်ဆိတ်​မ​နေ​ဘဲ နှုတ်​ကို​ဖွင့်​၍ လွတ်မြောက်​လာ​သူ​နှင့် စကားပြော​လိမ့်မည်​။ ဤသို့ဖြင့် သင်​သည် သူ​တို့​အဖို့ နိမိတ်လက္ခဏာ ဖြစ်​လိမ့်မည်​။ ထိုအခါမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်ဆို​သည်”​ဟု ပြန်ပြော​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​အမျိုးအနွယ်​၏​ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ သူ​တို့​အလယ်​တွင် သင့်​ကို ငါ​ဟောပြော​ခွင့်​ပေး​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင့်​အမျိုးသားချင်း​တို့​ထံသို့​သွား​၍ သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ရ​မည်​”​ဟု ဆို​၏​။


သင်​၏​လျှာ​ကို အာခေါင်​၌​ကပ်​စေ​မည်​။ သင့်​ကို ဆွံ့အ​စေ​မည်​။ သူ​တို့​အား ဆုံးမ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​၏​။


ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။


ထို​သူ​မ​ရောက်လာ​မီ နေဝင်ချိန်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​တည်​လျက် ငါ့​နှုတ်​ကို​ဖွင့်​တော်မူ​၏​။ နံနက်အချိန် ထို​သူ​ရောက်လာ​သောအခါ ငါ​သည် ဆွံ့အ​မ​နေ​တော့​ဘဲ နှုတ်​ကို​ဖွင့်​၍​ဟောပြော​၏​။


သင့်​စကား​သည် သူ​တို့​အတွက် ကျွမ်းကျင်​စွာ​တီးမှုတ်​၍ ချိုသာ​သော​အသံ​ဖြင့်​သီဆို​သော သာယာနာပျော်ဖွယ်​သီချင်း​နှင့်​တူ​၏​။ သူ​တို့​သည် သင့်​စကား​ကို နားထောင်​သော်လည်း မ​လိုက်နာ​ကြ​။


နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။


ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ