ယေဇကျေလ 20:13 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
အခန်းကိုကြည့်ပါ။
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
အခန်းကိုကြည့်ပါ။
ဣ သ ရေ လ အ မျိုး သား တို့ မှာ မူ၊ ပြု ကျင့် သူ တိုင်း၊ အ သက် တည် ရာ တည် ကြောင်း ဖြစ် သော၊ ငါ့ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ ကို မ လျှောက် မ လိုက် ဘဲ စွန့် ပစ် ခြင်း၊ ဥ ပုသ် နေ့ တော် ကို လည်း ပုတ် ခတ် ရှုတ် ချ ခြင်း ပြု လျက်၊ သဲ တော တွင် ငါ့ ကို ပုန် ကန် ကြ သ ဖြင့်၊ ထို တော တွင် ပင် သူ တို့ ကုန် ခန်း အောင်၊ အ မျက် တော် ကို သွန်း လောင်း မည် ဟု အောက် မေ့ သော် လည်း၊
အခန်းကိုကြည့်ပါ။
သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။
အခန်းကိုကြည့်ပါ။