Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 20:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အကြောင်းမူကား သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​မ​လိုက်လျှောက်​၊ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​ငြင်းပယ်​၍ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​သည့်​အပြင် ဘိုးဘေး​တို့​၏​ရုပ်တု​များ​နောက်သို့ လိုက်ပါ​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​သူ​တို့​သည် ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကာ ငါ​၏​ပညတ် တော်​တို့​ကို​ချိုး​ဖောက်​လျက်​ဥ​ပုသ်​နေ့​ကို​မ​ရို မ​သေ​ပြု​ပြီး​လျှင် ဘိုး​ဘေး​တို့​ကိုး​ကွယ်​ခဲ့​သော ရုပ်​တု​တို့​ကို​ဝတ်​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ရုပ်​တု​များ​ကို ငဲ့​ကွက်​သော​ကြောင့်၊ ငါ၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 20:24
11 ပူးပေါင်းရင်းမြစ်များ  

ကောင်း​သော​အသီးအနှံ​တို့​ကို စား​ရ​မည့်​အကြောင်း သင်​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​၏​။ သို့သော် သင်​တို့​ရောက်လာ​၍ ငါ့​ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ အမွေ​ပြည်​ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေ​ကြ​၏​။


ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊


သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊


တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ ဓမ္မတာလာ​သော​မိန်းမ​ထံ မ​ချဉ်းကပ်​၊


သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


သူ​တို့​သည် ရုပ်တု​များ​နောက်သို့ စိတ်ပါ​သွား​ကြ​သောကြောင့် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။


ထိုမျှသာမက ငါ့​ကို သူ​တို့​ပြု​သော​အမှု​ဟူမူကား ထို​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ကို​ညစ်ညူး​စေ​၍ ဥပုသ်နေ့​ကို​ရှုတ်ချ​ကြ​၏​။


ထိုသို့ ဖမ်းသွား​ခြင်း​ခံရ​၍ လူမျိုးခြား​တို့​အလယ်​ရောက်ရှိ​နေ​သော ကြွင်းကျန်သူ​တို့​သည် စိတ်နှလုံး​ဖောက်ပြန်​၍ ငါ့​ထံမှ​လမ်းလွဲ​သွား​သောကြောင့်​၊ မျက်စိ​ဖောက်ပြန်​၍ ရုပ်တု​များ​နောက်သို့ လိုက်သွား​ခဲ့​သောကြောင့် ငါ​မည်မျှ​ရင်ကျိုး​ခဲ့​ရ​သည်​ကို သူ​တို့​သိနားလည်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် သူ​တို့​ကိုယ်​သူ​တို့ စက်ဆုပ်ရွံရှာ​ကြ​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​က “​ယုဒ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​ကို စွန့်ပယ်​ကြ​ပြီး ပြဋ္ဌာန်းချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ကြ​။ သူ​တို့​၏​ဘိုးဘေး​တို့​လိုက်လျှောက်​ခဲ့​သည့်​အတိုင်း လိုက်လျှောက်​ကြ​၏​။ သူ​တို့​သည် လိမ်လည်မှု​များ​အားဖြင့် လမ်းလွဲ​ကြ​ပြီ​။


မိုးကောင်းကင်​သို့​မျှော်ကြည့်​၍ နေ​၊ လ​၊ ကြယ်​စသော ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​မြင်​သောအခါ သင်​တို့​သည် သွေးဆောင်​ခံရ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ လူမျိုး​အပေါင်း​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​ပေး​ထား​သော​ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ