၂ ရာ 12:9 - မြန်မာ့စံမီသမ္မာကျမ်း9 ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။- အခန်းကိုကြည့်ပါ။Garrad Bible9 ငါ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ကျင့်၍ ဗျာ ဒိတ် တော် ကို မ ထီ မဲ့ မြင် ပြု သည် မှာ အ ဘယ် ကြောင့် နည်း။ သင် သည် ဟိ တ္တိ လူ မျိုး ဥ ရိ ယ ကို ဓား ဖြင့် သေ ကြောင်း ကြံ လျက် အ မ္မုန် အ မျိုး သား တို့၏ ဓား ဘေး နှင့် ဆုံး စေ ပြီး လျှင် မ ယား ကို သိမ်း ယူ ပြီး တ ကား။ အခန်းကိုကြည့်ပါ။Judson Bible9 သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ဓားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသားဓားနှင့် သတ်လေပြီတကား။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။