ဝတ်ပြု 18:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ ထိုအရာတို့ကိုပြုကျင့်လျှင် ထိုအရာတို့အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ပြု ကျင့် သူ တိုင်း အ သက် တည် ရာ တည် ကြောင်း ဖြစ် သော ငါ့ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် ကြ လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။