ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ယေဇကျေလ 19:10 - မြန်မာ့စံမီသမ္မာကျမ်း သင့်မိခင်သည် သင်နှင့်သွေးသားတူ၍ စပျစ်ပင်ကဲ့သို့ဖြစ်၏။ ရေစပ်၌စိုက်ထားသည်ဖြစ်၍ ရေဝသောကြောင့် အသီးများ၊ အကိုင်းအခက်များဖြင့် ဝေဆာ၏။ Common Language Bible သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။ Garrad Bible တစ် နည်း၊ မယ် တော် သည်၊ ရေ အ နီး၌ စိုက် ပျိုး သော၊ သင့် သွေး သား တူ စ ပျစ် ပင် သ ဖွယ်၊ ရေ များ သည့် အ တွက် အ သီး နှင့် အ ခက် အ လက် များ စည် ကား လျက် ရှိ ရာ၊ Judson Bible သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသောကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။ |
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။
‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သာယာဝပြောသောပြည်ဖြစ်သည့် ချိုင့်ဝှမ်း၊ တောင်ကုန်းတို့ထဲမှ စီးထွက်လာသည့် စမ်းချောင်း၊ စမ်းရေတွင်း၊ စိမ့်စမ်းရေတို့နှင့်ပြည့်သောပြည်၊
အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။