ယေဇကျေလ 17:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ပေါက် ပြီး နောက်၊ ရွှေ လင်း တ ဖက် သို့ အ ခက် အ လက် ညွှတ် လျက်၊ အောက် သို့ အ မြစ် စွဲ လျက်၊ စည် ကား သော စ ပျစ် ပင် အ နိမ့် အ ခွ ဖြစ်၍၊ အ ခက် အ လက် များ နှင့် ပြည့် စုံ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်းအခက် အလက်အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။