ထိုသို့ မြစ်ဝှမ်းရှိမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဘုရားသခင်သည် အာဗြဟံကိုအောက်မေ့တော်မူ၏။ သို့ဖြစ်၍ လောတနေသောမြို့များကို ဖြိုလှဲသောအခါ လောတကိုထိုဖြိုလှဲခြင်းထဲမှ လွှတ်ပေးတော်မူ၏။
ယေဇကျေလ 14:16 - မြန်မာ့စံမီသမ္မာကျမ်း ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်။ ပြည်သည်လည်း လူသူကင်းမဲ့ရာဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ထိုအခါငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည်နှင့် အညီ ထိုသူသုံးဦးသည်ထိုအရပ်တွင်နေ ထိုင်လျက်ပင်ရှိနေစေကာမူ မိမိတို့၏ သားသမီးများကိုကယ်နိုင်ကြလိမ့်မည် မဟုတ်။ မိမိတို့အသက်ကိုသာလျှင်ကယ် နိုင်ကြလိမ့်မည်။ ထိုပြည်သည်လည်းလူ သူကင်းမဲ့လိမ့်မည်။'' Garrad Bible အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ နေ ပြည် သည် ဖုန်း ဆိုး ကုန်း နေ လျက်၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။ Judson Bible ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။ |
ထိုသို့ မြစ်ဝှမ်းရှိမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဘုရားသခင်သည် အာဗြဟံကိုအောက်မေ့တော်မူ၏။ သို့ဖြစ်၍ လောတနေသောမြို့များကို ဖြိုလှဲသောအခါ လောတကိုထိုဖြိုလှဲခြင်းထဲမှ လွှတ်ပေးတော်မူ၏။
သူတို့က ‘အကယ်စင်စစ် ငါတို့၏ရန်သူ ပျက်စီးလေပြီ။ သူတို့၏စည်းစိမ်ဥစ္စာကိုလည်း မီးလောင်ကျွမ်းလေပြီ’ဟု ဆိုကြ၏။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
“ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။