ယေဇကျေလ 14:18 - မြန်မာ့စံမီသမ္မာကျမ်း18 “ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ ထို သူသုံးဦးတို့သည်ထိုအရပ်တွင်နေထိုင် လျက်ပင်ရှိနေစေကာမူ သူတို့သည်မိမိ တို့၏သားသမီးများကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မိမိတို့အသက်သာ လျှင်ချမ်းသာရာရနိုင်ကြလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible18 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်ရ၊ ကိုယ်တိုင်သာ ချမ်းသာရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။