ယေဇကျေလ 14:16 - Common Language Bible16 ထိုအခါငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည်နှင့် အညီ ထိုသူသုံးဦးသည်ထိုအရပ်တွင်နေ ထိုင်လျက်ပင်ရှိနေစေကာမူ မိမိတို့၏ သားသမီးများကိုကယ်နိုင်ကြလိမ့်မည် မဟုတ်။ မိမိတို့အသက်ကိုသာလျှင်ကယ် နိုင်ကြလိမ့်မည်။ ထိုပြည်သည်လည်းလူ သူကင်းမဲ့လိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible16 အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ နေ ပြည် သည် ဖုန်း ဆိုး ကုန်း နေ လျက်၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်။ ပြည်သည်လည်း လူသူကင်းမဲ့ရာဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ နောဧ၊ ဒံယေလနှင့်ယောဘတို့သည်ထို အရပ်တွင်နေထိုင်လျက်ပင်ရှိကြစေကာ မူ သူတို့သည်မိမိတို့၏သားသမီးများ ကိုကယ်နိုင်ကြလိမ့်မည်မဟုတ်။ မိမိတို့ အသက်ကိုသာလျှင်ချမ်းသာရာရစေ နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။