ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ယေဇကျေလ 14:15 - မြန်မာ့စံမီသမ္မာကျမ်း “ထိုပြည်ထဲသို့ သားရဲတိရစ္ဆာန်ကို စေလွှတ်၍ဖျက်ဆီးစေမည်၊ ထိုသားရဲတိရစ္ဆာန်များကြောင့် ထိုပြည်သည် ဖြတ်သန်းသွားလာမည့်သူမရှိ၊ လူသူကင်းမဲ့ရာဖြစ်သွားမည်ဆိုပါစို့။ Common Language Bible ``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။- Garrad Bible ထို ပြည် တွင် သား ရဲ ဘေး ကို၊ ငါ သင့် စေ သည့် အ လျောက်၊ သား ရဲ များ ကြောင့်၊ ဖြတ် သန်း သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သည့် တိုင် အောင်၊ ပြည် သား တို့ ပျက် စီး ရာ၌၊ Judson Bible သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊ |
ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့ထံ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို စေလွှတ်မည်၊ သားရဲတိရစ္ဆာန်တို့ကို စေလွှတ်မည်။ သင်တို့သည် သားသမီးမဲ့ ဖြစ်ကြလိမ့်မည်။ ကပ်ရောဂါဘေး၊ သေဘေးတို့ သင့်ထံရောက်လာမည်။ သင့်အပေါ် ဓားဘေးကျရောက်စေမည်’ဟူ၍ ငါထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆိုလေ၏။
ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။
ထိုအခါ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ရှိရာသို့ မီးမြွေများကို စေလွှတ်၏။ ထိုမြွေတို့သည် လူတို့ကိုကိုက်သဖြင့် လူများစွာသေကြ၏။