ယေဇကျေလ 5:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့ထံ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို စေလွှတ်မည်၊ သားရဲတိရစ္ဆာန်တို့ကို စေလွှတ်မည်။ သင်တို့သည် သားသမီးမဲ့ ဖြစ်ကြလိမ့်မည်။ ကပ်ရောဂါဘေး၊ သေဘေးတို့ သင့်ထံရောက်လာမည်။ သင့်အပေါ် ဓားဘေးကျရောက်စေမည်’ဟူ၍ ငါထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible17 သား ဆုံး ပါး စေ မည့် အ စာ ခေါင်း ပါး ခြင်း ဘေး၊ သား ရဲ ဘေး၊ ဓား ဘေး များ ကို ငါ သင့် ရောက် စေ သ ဖြင့်ကပ် ရော ဂါ ဘေး၊ သွေး သွန် ဘေး လည်း၊ အ နှံ့ အ ပြား ရှိ လိမ့် မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်းဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ဓားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့သည် လွှမ်းမိုးသောအခါ၌လည်းကောင်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။