ယေဇကျေလ 14:15 - Common Language Bible15 ``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ထို ပြည် တွင် သား ရဲ ဘေး ကို၊ ငါ သင့် စေ သည့် အ လျောက်၊ သား ရဲ များ ကြောင့်၊ ဖြတ် သန်း သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သည့် တိုင် အောင်၊ ပြည် သား တို့ ပျက် စီး ရာ၌၊ အခန်းကိုကြည့်ပါ။Judson Bible15 သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 “ထိုပြည်ထဲသို့ သားရဲတိရစ္ဆာန်ကို စေလွှတ်၍ဖျက်ဆီးစေမည်၊ ထိုသားရဲတိရစ္ဆာန်များကြောင့် ထိုပြည်သည် ဖြတ်သန်းသွားလာမည့်သူမရှိ၊ လူသူကင်းမဲ့ရာဖြစ်သွားမည်ဆိုပါစို့။ အခန်းကိုကြည့်ပါ။ |
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။