သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ယေဇကျေလ 12:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။'' Garrad Bible အ ချင်း လူ့ သား၊ ပုန် ကန် သော သ ဘော အ လိုက်၊ မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား ဘဲ၊ ပုန် ကန် လေ့ ရှိ သော လူ မျိုး တို့ ဘောင် တွင် သင် နေ သည် တ ကား။ Judson Bible အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။ |
သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
မျက်စိရှိသော်လည်း မမြင်သောသူ၊ နားရှိသော်လည်း မကြားသောသူတို့ကို ထုတ်ဆောင်ခဲ့လော့။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
မိမိတို့အကြံအစည်အတိုင်း မကောင်းသောလမ်း၌လျှောက်လှမ်းလျက် ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးတို့ထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေ၏။
လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
သို့သော်လည်း ဤလူမျိုးမူကား ခေါင်းမာ၍ ပုန်ကန်တတ်သောသဘောရှိ၏။ လမ်းလွဲ၍ ထွက်သွားကြလေပြီ။
သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
ငါထာဝရဘုရားသည် မိန့်ဆိုလျှင် မိန့်ဆိုသည့်အတိုင်း မကြန့်ကြာဘဲဖြစ်လာလိမ့်မည်။ အို ပုန်ကန်တတ်သောအမျိုးအနွယ်၊ ငါပြောသောစကားသည် သင်တို့လက်ထက်တွင် အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။
ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
သင်သည် ပုန်ကန်တတ်သောအစ္စရေးအမျိုးအနွယ်တို့အား ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးသားတို့၊ သင်တို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုမှာ ကြီးလေးလှ၏။
ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။
ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။
ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။