Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 65:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 မိမိ​တို့​အကြံအစည်​အတိုင်း မ​ကောင်း​သော​လမ်း​၌​လျှောက်လှမ်း​လျက် ဆန့်ကျင်​ပုန်ကန်​တတ်​သော လူမျိုး​တို့​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ခေါင်း​မာ​လျက်​အ​မှား​ကို​ပြု​ကျင့်​ကာ​မိ​မိ တို့​၏​ထင်​ရာ​သို့​လိုက်​တတ်​သူ ဤ​လူ​စု​အား ငါ​သည်​ကြို​ဆို​လက်​ခံ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-5 ပုန် ကန် ၍ ကိုယ့် အ ကြံ အ စည် အ တိုင်း မ ကောင်း သော လမ်း ကို လိုက် သော သူ၊ မြိုင် များ တွင် ပူ ဇော် လျက်၊ အုတ် ခင်း ပေါ် တွင် နံ့ သာ ပေါင်း ကို မီး ရှို့ လျက်၊ ငါ့ မျက် မှောက် တွင် ပင် အ စဉ် အ မျက် တော် တိုက် သော သူ၊ သု သာန် များ တွင် နေ ထိုင်၍၊ လျှို့ ဝှက် ရာ များ၌ တည်း ခို သော သူ၊ ဝက် မှ စ၍၊ ရွံ ရှာ ဖွယ် သော သား ပြုတ် ရည် ကို စား သောက် သော သူ၊ ကျွန်ုပ် ဖြင့် သီး သန့် ရာ မ ရောက် ခြင်း ငှာ မ ချဉ်း ကပ် ဘဲ၊ အ သီး အ ခြား နေ လော့ ဟု ဆို လေ့ ရှိ သူ တို့ အား၊ ငါ သည် နေ့ ရှိ သ မျှ လက် ကမ်း လျက် နေ ပြီ။ ထို သူ တို့ သည် နေ့ ရှိ သ မျှ လောင် သော မီး ခိုး သ ဖွယ် ငါ့ နှာ တွင် ထိ ခိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မိ​မိ​အ​လို​အ​တိုင်း မ​ကောင်း​သော​လမ်း​ကို​လိုက်၍၊ ငြင်း​ဆန်​တတ်​သော လူ​မျိုး​ကို မျက်​နှာ​ပြု​လျက်၊ တစ်​နေ့​လုံး ငါ​သည် ကိုယ်​လက်​ဝါး​ကို ဖြန့်​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 65:2
37 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။


သူ​သည် မိမိ​အိပ်ရာ​ပေါ်၌​ပင် အပြစ်ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ မ​ကောင်း​သော​လမ်း​သို့​အမြဲ​လိုက်​၍ မကောင်းမှု​ကို စွန့်ပယ်​ခြင်း​မ​ရှိ​။​”


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။


သို့သော် ငါ​ခေါ်​သောအခါ သင်​တို့​သည် ငြင်းပယ်​ကြ​၏​။ ငါ့​လက်​ကို​ဆန့်တန်း​သောအခါ မည်သူမျှ အလေး​မ​ထား​ကြ​။


ရက်စက်ကြမ်းကြုတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို​သွေးဆောင်​၍ မ​ကောင်း​သော​လမ်း​သို့ လိုက်​စေ​တတ်​၏​။


အို ကောင်းကင်​၊ နားထောင်​လော့​။ အို မြေကြီး​၊ စူးစိုက်​နားထောင်​လော့​။ ထာဝရဘုရား​က “​ငါ​သည် သားသမီး​တို့​ကို ကျွေးမွေး​ပြုစု​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်ပုန်ကန်​ကြ​ပြီ​။


သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။


ထာဝရဘုရား​က “​ဆန့်ကျင်ပုန်ကန်​သော​သားသမီး​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ငါ့​အကြံအစည်​မ​ဟုတ်​သော အကြံအစည်​ကို​ကြံစည်​ကြ​၏​။ ငါ​၏​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​ဘဲ သူ​တို့​သဘော​အတိုင်း မဟာမိတ်​ဖွဲ့​ကြ​၏​။ ဤသို့ဖြင့် အပြစ်​တစ်​ခု​ပြီး​တစ်​ခု​ထပ်ဆင့်​ပြု​ကြ​၏​။


အကြောင်းမူကား သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​၊ လိမ်ညာ​တတ်​သော​သားသမီး​များ​၊ ထာဝရဘုရား​၏​ပညတ်တရား​ကို မ​နာခံ​လို​သော သားသမီး​များ ဖြစ်​ကြ​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​လမ်း​ကို​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​သည် မိမိ​အကြံအစည်​တို့​ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရဘုရား​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ သို့ပြုလျှင် ကိုယ်တော်​သည် သူ့​ကို သနား​တော်မူ​မည်​။ ငါ​တို့​၏​ဘုရားသခင်​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ အကြွင်းမဲ့​ခွင့်လွှတ်​တော်မူ​မည်​။


ထာဝရဘုရား​က “​ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​နှင့်​မ​တူ​။ ငါ​၏​နည်းလမ်း​သည်​လည်း သင်​တို့​၏​နည်းလမ်း​နှင့်​မ​တူ​။


သို့သော် သူ​တို့​သည်​ပုန်ကန်​ခြင်း​ဖြင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ကိုယ်တော်​သည် သူ​တို့​၏​ရန်သူ​ဖြစ်သွား​၍ သူ​တို့​ကို​တိုက်ခိုက်​တော်မူ​၏​။


ထာဝရဘုရား​က “​သူ​တို့​ပြု​သော​အမှု​များ​၊ အကြံအစည်​များ​ကို ငါ​သိ​၏​။ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​တို့​ကို စုစည်း​မည့်​အချိန်​ရောက်လာ​မည်​။ သူ​တို့​သည်​လာ​၍ ငါ​၏​ဘုန်းအသရေ​ကို​မြင်​ရ​လိမ့်မည်​။


နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။


ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။


သို့သော် သူ​တို့​က “မျှော်လင့်စရာ​မ​ရှိ​။ ထို့ကြောင့် ငါ​တို့​သည် ကိုယ့်​အကြံအစည်​နောက်​သို့ ကိုယ်​လိုက်​မည်​။ ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း ပြု​မည်”​ဟု ပြောဆို​ကြ​၏​။


“ထို​ကာလ​၌ သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို ‘ထာဝရဘုရား​၏​ပလ္လင်’​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​လိမ့်မည်​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ လိုက်​ကြ​တော့​မည်​မ​ဟုတ်​။


အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။


သို့သော်လည်း ဤ​လူမျိုး​မူကား ခေါင်းမာ​၍ ပုန်ကန်​တတ်​သော​သဘော​ရှိ​၏​။ လမ်းလွဲ​၍ ထွက်သွား​ကြ​လေ​ပြီ​။


သို့သော် သူ​တို့ နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​၏​အကျင့်အကြံ​၊ သူ​တို့​၏​ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း လိုက်လျှောက်​ကြ​၏​။ ရှေ့​မ​တိုး​ဘဲ နောက်ဆုတ်​သွား​ကြ​၏​။


သင်​တို့​၌ ထို​ပန်းဖွား​ရှိ​ရ​ခြင်း​မှာ ထို​ပန်းဖွား​ကို သင်​တို့​မြင်​သောအခါ သင်​တို့​ကို​ဖောက်ပြန်မှားယွင်း​စေ​သော သင်​တို့​၏​စိတ်​အလို​၊ မျက်စိ​အလို နောက်သို့​မ​လိုက်​ဘဲ ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို အောက်မေ့​၍ ပညတ်တော်​တို့​ကို ကျင့်ဆောင်​ကြ​စေရန်​ဖြစ်​၏​။


အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။


အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။


အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။


အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍​မူကား “နာခံ​ခြင်း​မ​ရှိ၊ ဆန့်ကျင်​ပုန်ကန်​တတ်​သော​လူမျိုး​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”​ဟု ဆို​၏။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


ဤ​ကျိန်ဆို​သော​စကား​များ​ကို​ကြား​သောအခါ ‘​ငါ​သည် ငါ့​စိတ်သဘော​အတိုင်း လိုက်လျှောက်​သော်လည်း ငါ​သည် ဘေးကင်း​လျက်​ရှိ​၏​’​ဟု ဆို​လျက် စိတ်​ထဲ၌ ကိုယ့်ကိုယ်ကိုယ်​ကောင်းချီးပေး​တတ်​သော​သူ​သည် ရေဝ​သော​မြေ ခြောက်သွေ့​သွား​သကဲ့သို့ ဖျက်ဆီး​ခြင်း​ခံရ​မည်​။


သင်​တို့​၏​ပုန်ကန်​တတ်​သော​သဘော​၊ ခေါင်းမာ​တတ်​သော​သဘော​ကို ငါ​သိ​၏​။ ယနေ့ ငါ​သည် သင်​တို့​နှင့်အတူ​အသက်ရှင်​နေ​စဉ်တွင်ပင် သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​ကြ​ပြီ​။ ငါ​သေ​ပြီးလျှင် ထိုထက်မက ပုန်ကန်​ကြ​လိမ့်မည်​။


သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ