သူတို့ကိုအုပ်စိုးသောမင်းသည် အထုပ်ကိုပခုံးပေါ်တင်၍ အမှောင်ထဲသို့ ထွက်သွားရလိမ့်မည်။ နံရံကိုဖောက်၍ အထုပ်သယ်သွားရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးထားရလိမ့်မည်။
သူတို့အားအုပ်စိုးလျက်ရှိသောမင်းသည်မိမိ အထုပ်ကိုထမ်း၍အုတ်တံတိုင်းတွင်သူတို့တူး ဖောက်ပေးသည့်အပေါက်မှထွက်ပြေးရလိမ့်မည်။ သူ၏မျက်စိများကိုဖုံး၍ထားသဖြင့်သူသည် မိမိသွားရာလမ်းကိုမြင်ရလိမ့်မည်မဟုတ်။-
အုပ် စိုး သော မင်း လည်း၊ ထုတ် သွား ခွင့် ရ ရန်၊ ထုတ် ချင်း ပေါက် ထွင်း နှင့် ကြ ပြီ။ မြို့ ရိုး မှ မှောင် ကျ ရာ၌ ထမ်း ဆောင် ထွက် သွား လျက်၊ မြေ ကို ကိုယ့် မျက် စိ ဖြင့် မ မြင် နိုင် သော ကြောင့်၊ မျက် နှာ ဖုံး လိမ့် မည် ဟူ၍ လည်း ကောင်း၊ ဆင့် ဆို လော့။
သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဉ့်ဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဖို့ အုတ်ရိုးကို တူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
သူခိုးတို့သည် မှောင်ရိပ်ခိုပြီး အိမ်ကိုဖောက်ထွင်း၏။ နေ့အချိန်တွင်မူကား အလင်းကိုရှောင်၍ အိမ်ထဲတွင် ပုန်းအောင်းနေ၏။
ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။
ဇေဒကိကို ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားလိမ့်မည်။ သူ့ကို ငါထာဝရဘုရားအကြည့်အရှုမကြွလာမချင်း ထိုမြို့၌ သူနေရလိမ့်မည်။ သင်တို့သည် ခါလဒဲ၏တပ်ကို တိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်ဟု ပရောဖက်ပြုဟောပြောရသနည်း”ဟု မိန့်ဆို၏။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
ထို့နောက် ဆယ်ရက်လွန်သောအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားသဖြင့် စစ်သူရဲအပေါင်းတို့ ထွက်ပြေးကြ၏။ ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း စစ်သူရဲတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
သုံ့ပန်းအထုပ်အပိုးကဲ့သို့ သင်ပြင်ဆင်ထားသောအထုပ်အပိုးများကို နေ့အချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် ထုတ်သွားလော့။ နေဝင်ချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။
သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။