၄ ရာ 7:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။- အခန်းကိုကြည့်ပါ။Garrad Bible5 ဆည်း ဆာ အ ချိန် တွင် ထ သွား၍ ရှု ရိ တပ် ဦး သို့ ရောက် သော် အ ခါ တစ် စုံ တစ် ယောက် ကို မျှ မ တွေ့ ချေ။ အခန်းကိုကြည့်ပါ။Judson Bible5 မိုးမလင်းမီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။ အခန်းကိုကြည့်ပါ။ |
မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်