အုတ်မြစ်မှအစ တံစက်မြိတ်အဆုံး၊ အပြင်ဘက်မှအစ တံတိုင်းကြီးအဆုံး နန်းတွင်းနန်းပြင်အလုံးစုံကို အရွယ်အစားအလိုက် လွှဖြင့်တိုက်ဖြတ်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များဖြင့် ဆောက်လုပ်ထား၏။
ယေဇကျေလ 10:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။ Common Language Bible သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။ Garrad Bible ခေ ရု ဗ တို့ အ တောင် ခတ် သံ ကို၊ အ န န္တ တန် ခိုး ရှင် ဘု ရား မိန့် မြွက် သ ကဲ့ သို့၊ အ ပြင် တံ တိုင်း အ ထိ ကြား ကြ ရ၏။ Judson Bible အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကိုကြားရ၏။ |
အုတ်မြစ်မှအစ တံစက်မြိတ်အဆုံး၊ အပြင်ဘက်မှအစ တံတိုင်းကြီးအဆုံး နန်းတွင်းနန်းပြင်အလုံးစုံကို အရွယ်အစားအလိုက် လွှဖြင့်တိုက်ဖြတ်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များဖြင့် ဆောက်လုပ်ထား၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
တိမ်တိုက်တို့သည် ရေများကိုသွန်းချ၍ မိုးကောင်းကင်တို့သည် ထစ်ချုန်းသံကိုပေးကြပါ၏။ ကိုယ်တော်၏မြားတို့သည်လည်း အရပ်ရပ်သို့ရောက်ကြပါ၏။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
တံပိုးမှုတ်သံသည် ပို၍ပို၍ကျယ်လာသောအခါ မောရှေမေးလျှောက်၍ ဘုရားသခင်သည် အသံဖြင့် ဖြေကြားတော်မူ၏။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
သူတို့သွားသောအခါ ရေလှိုင်းပုတ်သံကြီးကဲ့သို့၊ အနန္တတန်ခိုးရှင်၏အသံကဲ့သို့ သူတို့၏တောင်ပံခတ်သံကို ငါကြားရ၏။ သူတို့သွားသောအသံသည် စစ်ချီသံကဲ့သို့ ဖြစ်၏။ သူတို့ရပ်နေသောအခါ အတောင်ပံများကို ချထား၏။
တစ်ဖန် ပိတ်ချောထည်ဝတ်ထားသူအား “ဘီးများ၊ ခေရုဗိမ်များအလယ်ရှိ မီးခဲကိုယူလော့”ဟု မိန့်တော်မူလျှင် ထိုသူလည်း ဝင်သွားပြီး ဘီးအနားတွင် ရပ်နေ၏။
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
ထို့နောက် ငါ့အား အပြင်ဝင်းသို့ခေါ်သွားပြီး ဝင်း၏ထောင့်လေးထောင့်ကို လှည့်ပတ်ကြည့်စေ၏။ ထောင့်တစ်ထောင့်စီတွင် ဝင်းငယ်တစ်ခုစီရှိသည်ကို တွေ့ရ၏။