Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 တစ်ဖန် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ဘီး​များ​၊ ခေရုဗိမ်​များ​အလယ်​ရှိ မီးခဲ​ကို​ယူ​လော့​”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​လည်း ဝင်သွား​ပြီး ဘီး​အနား​တွင် ရပ်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​သူ​အား ထာ ဝ​ရ​ဘု​ရား​က​သတ္တ​ဝါ​များ​၏​အောက်​၌ ရှိ​သော​ရ​ထား​ဘီး​များ​အ​ကြား​မှ မီး​ကျီး ခဲ​အ​ချို့​ကို​ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​သော အ​ခါ​ထို​သူ​သည်​ဝင်​၍​ဘီး​တစ်​ခု​အ​နီး ၌​ရပ်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ပိတ် ထည် ဝတ် သူ့ အား၊ လည် စက် များ ကြား၊ ခေ ရု ဗ တို့ ကြား များ မှ မီး ကို သဲ့ ယူ လော့ ဟူ သော အ မိန့် တော် အ ရ၊ ဝင် သွား၍ စက် အ နီး ရပ် နေ စဉ်၊ ခေ ရု ဗ တစ် ပါး သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​အား​လည်း၊ ရ​ထား​ဘီး​အ​ကြား​ထဲ​က မီး​ကို​ယူ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထို​သူ​သည်​ဝင်၍ ဘီး​တို့​အ​နား၌ ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:6
6 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ်​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည် ထိတ်လန့်တုန်လှုပ်​ကြ​ပါစေ​။ ကိုယ်တော်​သည် ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​၏​။ မြေကြီး​သည် လှုပ်ခါ​ပါစေ​။


ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ်​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လော့​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။


ထိုအခါ ခေရုဗိမ်​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။


ခေရုဗိမ်​တို့​ထဲမှ ခေရုဗိမ်​တစ်​ပါး​က ခေရုဗိမ်​များ​အလယ်​ရှိ​မီးခဲ​ကို​လှမ်း​ယူ​ပြီး ပိတ်ချောထည်​ဝတ်​ထား​သူ​၏​လက်​ထဲသို့ ထည့်ပေး​သောအခါ သူ​လည်း ယူ​၍​ထွက်သွား​၏​။


ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ