Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 7:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အုတ်မြစ်​မှအစ တံစက်မြိတ်​အဆုံး​၊ အပြင်ဘက်​မှအစ တံတိုင်းကြီး​အဆုံး နန်းတွင်း​နန်းပြင်​အလုံးစုံ​ကို အရွယ်အစား​အလိုက် လွှ​ဖြင့်​တိုက်ဖြတ်​ထုဆစ်​ထား​သော ကျောက်ကောင်းကျောက်မြတ်​များ​ဖြင့် ဆောက်လုပ်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ပြင် နန်း မြို့ ရိုး နှင့် တ ကွ ဆို ခဲ့ သော အ ဆောင် တော် များ ကို အ တွင်း အ ပြင် အ မြစ် မှ စ၍ ခေါင် တိုင် အောင် စ နစ် အ တိုင်း လွှ ဆွဲ၍ ဆစ် ပြီး ကောင်း မွန် သော ကျောက် များ နှင့် တည် ဆောက် ရာ အ မြစ် ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 တံ​တိုင်း​ကြီး ပြင်​ဘက်​တိုင်​အောင်​လည်း​ကောင်း၊ အ​မြစ်​မှ​စ၍ ထိပ်​တိုင်​အောင်​လည်း​ကောင်း၊ ကျောက်​ဆစ်​ပ​မာ​ဏ​နှင့်​အ​ညီ၊ နှစ်​ဖက်​စ​လုံး လွှ​နှင့်​တိုက်​သော​ကျောက်၊ ထူး​ဆန်း​သော ကျောက်​တို့​ဖြင့် ပြီး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 7:9
3 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ကျောက်​များ​ကို​ဆစ်​၍ အိမ်​တော်​အုတ်မြစ်ချ​နိုင်​ရန် ကျောက်တုံး​ကြီး​များ​၊ ကျောက်ကောင်းကျောက်မြတ်​များ​ကို တူးယူ​ကြ​၏​။


မိမိ​စံမြန်း​ရာ​နန်းဆောင်​ကို ထို​ခန်းမဆောင်​၏​အနောက်ဘက်​ဝင်း​တွင် ထို​ပုံစံ​အတိုင်း ဆောက်လုပ်​၏​။ မိမိ​စုံဖက်​ထား​သော ဖာရော​မင်းကြီး​၏​သမီး​တော်​စံမြန်း​ရာ​နန်းဆောင်​ကို​လည်း ထို​ခန်းမဆောင်​ပုံစံ​အတိုင်း ဆောက်လုပ်​ပေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ