အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ယောလ 1:2 - မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးတို့၊ နားထောင်ကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သင်တို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။ သင်တို့ဘိုးဘေးတို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။ Common Language Bible အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။ Garrad Bible အို အ သက် ကြီး သူ တို့၊ နာ ခံ၍၊ ပြည် သူ ပြည် သား တို့၊ နား စိုက် ကြ လော့။ သင် တို့ လက် ထက်၌ ဖြစ် စေ၊ ဘိုး ဘေး တို့ လက် ထက် ၌ ဖြစ် စေ၊ ဤ မျှ လောက် အ ဖြစ် အ ပျက် သင့် ရောက် ဘူး သ လော။ Judson Bible အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သား အပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့ လက်ထက်၌ ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဖူးသလော။ |
အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
အဘယ်ကြောင့် ဆိုးယုတ်သောသူတို့သည် အိုမင်းသည်အထိ အသက်ရှင်၍ သြဇာအာဏာကြီးနေရသနည်း။
ယခင်မျိုးဆက်တို့ကို မေးမြန်းကြည့်လော့။ သူတို့ဘိုးဘေးတို့ စူးစမ်းလေ့လာခဲ့သောအရာကို ဆင်ခြင်ကြည့်လော့။
လူမျိုးအပေါင်းတို့၊ ဤအရာကိုနားထောင်ကြလော့။ ကမ္ဘာလောက၌နေထိုင်သူအပေါင်းတို့၊ စူးစိုက်နားထောင်ကြလော့။
အို တိုင်းနိုင်ငံတို့၊ ချဉ်းကပ်၍ နားထောင်ကြလော့။ အို လူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ ကြားကြပါစေ။ ကမ္ဘာလောကနှင့် ကမ္ဘာလောကထဲ၌ ရှိသမျှတို့ကြားကြပါစေ။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
အမင်္ဂလာနေ့ကြီးပါတကား။ ဤနေ့နှင့်တူသောနေ့မရှိ။ ယာကုပ်အမျိုးတို့ ဒုက္ခရောက်သောနေ့ဖြစ်၏။ သို့သော် သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
အစ္စရေးအမျိုးသားတို့၊ သင်တို့နှင့် သင်တို့မျိုးနွယ်စုအပေါင်းတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သောထာဝရဘုရားက သင်တို့အား ဆန့်ကျင်၍ မိန့်တော်မူသောစကားကို နားထောင်ကြလော့။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့အကြောင်းကို ငါငိုချင်းဖွဲ့သီဆိုမည်။ ဤအကြောင်းကို သင်တို့ နားထောင်ကြလော့။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
အကျွန်ုပ်က “အို ယာကုပ်အမျိုးခေါင်းဆောင်တို့နှင့် အစ္စရေးအမျိုးအကြီးအမှူးတို့၊ နားထောင်ကြလော့။ တရားမျှတမှုကို သင်တို့သိသင့်သည်မဟုတ်လော။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။