နေရ၏သား အာဗနာနှင့် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏အစေအပါးတို့သည် မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့ ထွက်လာလျှင်
ယောရှု 9:3 - မြန်မာ့စံမီသမ္မာကျမ်း ဂိဗောင်မြို့သားတို့မူကား ဂျေရိခေါမြို့နှင့်အာဣမြို့တို့ကို ယောရှုမည်သို့တိုက်ခိုက်ခဲ့သည်ကို ကြားသောအခါ Common Language Bible ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊- Garrad Bible ဂိ ဗောင် မြို့ သား တို့ မှာ မူ ယေ ရိ ခေါ မြို့၊ အာ ဣ မြို့ များ၌ ယော ရှု ပြု ခဲ့ သော အ ရေး ကို ကြား သော်၊ Judson Bible ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊ |
နေရ၏သား အာဗနာနှင့် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏အစေအပါးတို့သည် မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့ ထွက်လာလျှင်
စစ်သူရဲအယောက်သုံးဆယ်တွင်ပါဝင်၍ ထိုစစ်သူရဲအယောက်သုံးဆယ်ကို အုပ်ရသူ ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရမြို့သား ယောဇဗဒ်၊
ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
ယောရှုသည် အာဣမြို့ကိုသိမ်း၍ ဂျေရိခေါမြို့နှင့်ဘုရင်ကို ပြုသကဲ့သို့ အာဣမြို့နှင့်ဘုရင်ကိုပြု၍ ချေမှုန်းခဲ့ကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် အစ္စရေးလူမျိုးတို့နှင့် မိတ်ဖွဲ့ပြီး အတူနေထိုင်ကြောင်းကိုလည်းကောင်း ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီး ကြားသောအခါ
အလွန်ကြောက်လေ၏။ အကြောင်းမူကား ဂိဗောင်မြို့သည် မင်းနေပြည်တော်မြို့ကဲ့သို့ ခမ်းနားကြီးကျယ်သောမြို့ဖြစ်၏။ အာဣမြို့ထက်ကြီး၍ ထိုမြို့ရှိယောက်ျားအပေါင်းတို့သည်လည်း စစ်သူရဲများဖြစ်ကြ၏။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
ဂိဗောင်မြို့သား၊ ဟိဝိလူမျိုးတို့မှတစ်ပါး အခြားမည်သည့်မြို့မျှ အစ္စရေးလူမျိုးတို့ကို မိတ်မဖွဲ့ကြ။ ထို့ကြောင့် အခြားမြို့ရှိသမျှတို့ကို တိုက်ခိုက်သိမ်းပိုက်ကြလေ၏။
ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။
ယောရှုသည် ထိုသူတို့ကိုခေါ်၍ “သင်တို့သည် ငါတို့အနီးအနား၌နေထိုင်ကြပါလျက်နှင့် ‘သင်တို့နှင့် ဝေးကွာသောအရပ်မှ လာပါသည်’ဟု အဘယ်ကြောင့် ငါတို့ကို လှည့်စားပြောဆိုသနည်း။
သူတို့သည် လိမ္မာပါးနပ်စွာပရိယာယ်ဆင်လျက် သံတမန်အယောင်ဆောင်ပြီး ဟောင်းနွမ်းသောအိတ်၊ ဟောင်းနွမ်းပေါက်ပြဲ၍ဖာထေးထားသောစပျစ်ဝိုင်ဘူးများကို မြည်းပေါ်တင်၍