ယောရှု 10:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယောရှုသည် အာဣမြို့ကိုသိမ်း၍ ဂျေရိခေါမြို့နှင့်ဘုရင်ကို ပြုသကဲ့သို့ အာဣမြို့နှင့်ဘုရင်ကိုပြု၍ ချေမှုန်းခဲ့ကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် အစ္စရေးလူမျိုးတို့နှင့် မိတ်ဖွဲ့ပြီး အတူနေထိုင်ကြောင်းကိုလည်းကောင်း ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီး ကြားသောအခါ အခန်းကိုကြည့်ပါ။Common Language Bible1 ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ယေ ရိ ခေါ ဘု ရင် နှင့် မြို့ ကို ပြု သ ကဲ့ သို့ အာ ဣ ဘု ရင် နှင့် မြို့ ကို ယော ရှု သိမ်း ယူ မြေ လှန် ကြောင်း ကို လည်း ကောင်း၊ အာ ဣ မြို့ ထက် မ က မြို့ တော် သ ဖွယ် ကြီး လျက် စစ် ခေါင်း မာ သူ ပေါ များ သော ဂိ ဗောင် မြို့ သား တို့ သည် ဣ သ ရေ လ လူ မျိုး နှင့် မိတ် ဖွဲ့၍ အ တူ နေ ကြ ကြောင်း ကို လည်း ကောင်း၊ ယေ ရု ရှ လင် ဘု ရင် အ ဒေါ နိ ဇေ ဒက် မင်း ကြား သိ ကြောက် ရွံ့ သ ဖြင့် အခန်းကိုကြည့်ပါ။Judson Bible1 ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့၍ အတူနေကြောင်းကိုလည်းကောင်း၊ ယေရုရှလင်မင်းကြီး အဒေါနိဇေဒက်သည် ကြားသောအခါ၊ အခန်းကိုကြည့်ပါ။ |