ယောရှု 21:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အခန်းကိုကြည့်ပါ။Common Language Bible17 ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊- အခန်းကိုကြည့်ပါ။Garrad Bible17-18 ဗင်္ယာ မိန့် နယ် တွင် ဂိ ဗောင်၊ ဂေ ဗ၊ အာ န သုတ်၊ အာ လ မုန် မြို့ များ နှင့် စား ကျက် ပါ၊ လေး မြို့ ကို လည်း ကောင်း၊ ပေး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ အခန်းကိုကြည့်ပါ။ |
အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံးများ၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ထို့နောက် ရှင်ဘုရင်သည် ယုဒမြို့ရွာရှိ ယဇ်ပုရောဟိတ်များအားလုံးကိုလည်း ဆင့်ခေါ်၍ ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယဇ်ပုရောဟိတ်တို့ နံ့သာပေါင်းမီးရှို့ပူဇော်သောနေရာဖြစ်သည့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို မစင်ကြယ်အောင် လုပ်ပစ်၏။ ထို့ပြင် မြို့တံခါးဝ၏ဝဲဘက်၊ မြို့တော်ဝန်ယောရှုတံခါးနားရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ဖြိုဖျက်ပစ်လေ၏။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။