ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့ထံမှ နောက်ဆုတ်စေတော်မူ၍ အကျွန်ုပ်တို့ကိုမုန်းသောသူတို့သည် အကျွန်ုပ်တို့ကိုတိုက်ခိုက်လုယက်ကြပါ၏။
ယောရှု 7:12 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ကျိန်ခြင်းခံရသောသူများဖြစ်သွားသောကြောင့် ရန်သူတို့ကို မရင်ဆိုင်နိုင်ကြ။ သူတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရ၏။ ကျိန်ခြင်းခံရသောအရာကို သင်တို့ထံမှမဖယ်ရှားလျှင် ငါသည် သင်တို့နှင့်အတူ နေတော့မည်မဟုတ်။ Common Language Bible ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။- Garrad Bible ထို ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ ပင် မြေ လှန် ခံ အပ် ပြီ ဖြစ်၍၊ ရန် သူ တို့ ရှေ့ မ ခံ ရပ် နိုင် ဘဲ ကျော ခိုင်း ရ ကြ သ တည်း။ မြေ လှန် ရာ ပါ ဥစ္စာ ကို သင် တို့ အ တွင်း မှ မ ပယ် မ ဖျက် ကြ လျှင် သင် တို့ နှင့် အ တူ ငါ ဆက် လက် တည် နေ မည် မ ဟုတ်။ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကိုလှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။ |
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့ထံမှ နောက်ဆုတ်စေတော်မူ၍ အကျွန်ုပ်တို့ကိုမုန်းသောသူတို့သည် အကျွန်ုပ်တို့ကိုတိုက်ခိုက်လုယက်ကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။
“ဤလူမျိုးထဲမှ တစ်ယောက်ယောက်ဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်သို့နည်း’ဟု သင့်ကိုမေးလာလျှင် ‘အဘယ်ဗျာဒိတ်နည်း။ သင်တို့ကို ငါပစ်ပယ်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု သူတို့အား ပြန်ပြောရမည်။
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
မောရှေသည် ထိုစကားတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောအခါ လူတို့သည် ပြင်းထန်စွာငိုကြွေးမြည်တမ်းကြ၏။
သင်တို့ တက်မသွားကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်။
အာမလက်လူမျိုး၊ ခါနာန်လူမျိုးတို့သည် သင်တို့ထက်အလျင် ထိုအရပ်၌ ရှိနှင့်သည်ဖြစ်၍ သင်တို့သည် ဓားဖြင့် ကျဆုံးရလိမ့်မည်။ သင်တို့သည် ထာဝရဘုရားထံမှ ပြန်လှည့်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်မဟုတ်”ဟု ဆို၏။
ထိုအခါ တောင်ပေါ်ဒေသ၌ နေထိုင်နှင့်သောခါနာန်လူမျိုးနှင့် အာမလက်လူမျိုးတို့သည် ဆင်းလာ၍ သူတို့ကို တိုက်ခိုက်ကြ၏။ ဟောမာအရပ်တိုင်အောင် သူတို့ကို လိုက်လံချေမှုန်းကြ၏။
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။
ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
ထို့နောက် ရှောလုမင်းကြီးက “အစ္စရေးအကြီးအကဲအပေါင်းတို့၊ ဤနေရာသို့လာကြလော့။ ယနေ့ မည်သည့်အပြစ် ကျူးလွန်ထားကြောင်း သိရှိနိုင်ရန် ကြည့်ရှုစစ်ဆေးကြလော့။