သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ယောရှု 22:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။ Common Language Bible ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။ Garrad Bible ကောင်း ကြီး ပေး ပြီး လျှင်၊ နေ ရာ တဲ များ သို့ ပြန် သွား ခွင့် ပြု လေ ၏။ Judson Bible ကောင်းချီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။ |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ထို့နောက် ယာကုပ်သည် ဖာရောမင်းကြီးကိုကောင်းချီးပေးပြီးလျှင် ဖာရောမင်းကြီး၏ရှေ့မှထွက်သွားလေ၏။
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
လူအမြောက်အမြား အထူးသဖြင့် ဧဖရိမ်၊ မနာရှေ၊ ဣသခါ၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူအများစုသည် မိမိကိုယ်ကိုစင်ကြယ်အောင်မပြုရသေးသော်လည်း ပသခါသိုးသငယ်အသားကို စားကြ၍ ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်းမပြုကြ။ အကြောင်းမှာ ဟေဇကိမင်းကြီးက “အို ကောင်းမြတ်တော်မူသောထာဝရဘုရား၊
မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ထို့နောက် ရှမွေလက ဘုရင်နှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်တို့ကို လူတို့အား ပြောပြပြီး စာလိပ်၌ရေးထား၍ ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ ထို့နောက် ရှမွေလသည် လူအပေါင်းတို့ကို မိမိတို့အိမ်သို့ အသီးသီးပြန်စေ၏။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ဧလိကလည်း ဧလကာနနှင့်သူ့မယားအား “ထာဝရဘုရားထံ အပ်နှံထားသောဤသားအစား ထာဝရဘုရားသည် သင့်အား ဤမိန်းမအားဖြင့် သားသမီးများ ထပ်၍ပေးသနားတော်မူပါစေသော”ဟု ကောင်းချီးပေးပြီးမှ သူတို့သည်လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။