ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။
ယောရှု 21:38 - မြန်မာ့စံမီသမ္မာကျမ်း ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ Common Language Bible သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။- Garrad Bible ဂဒ် နယ် တွင် ဂိ လဒ် ပြည် ရှိ လူ သတ် ခို ဝင် ရာ ရာ မုတ်၊ မ ဟာ နိမ်၊ ဟေ ရှ ဘုန်၊ ယာ ဇာ မြို့ များ နှင့် စား ကျက် ပါ လေး မြို့ ကိုလည်း ကောင်း ပေး ကြ ၏။ Judson Bible ဂဒ်ခရိုင်ထဲက၊ လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊ |
ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ထွက်သွား၏။ အဗရှလုံသည်လည်း သူ့နောက်လိုက်အစ္စရေးလူအပေါင်းတို့နှင့်အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးလာကြ၏။
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ထိုအခါ အစ္စရေးဘုရင်က မိမိအမှုထမ်းတို့အား “ရာမုတ်ဂိလဒ်မြို့သည် ငါတို့အပိုင်ဖြစ်ကြောင်းကို သင်တို့သိလျက်နှင့် ဆီးရီးယားဘုရင်လက်မှ ပြန်မသိမ်းယူဘဲ အဘယ်ကြောင့် ငြိမ်နေကြသနည်း”ဟု မိန့်ဆို၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
ဂဒ်အမျိုးအနွယ်ထံမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ထိုမြို့သုံးမြို့မှာ ရုဗင်အမျိုးအတွက် တောကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအတွက် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအတွက် ဗာရှန်ပြည်ရှိ ဂေါလန်မြို့ဖြစ်၏။
ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့နယ်နိမိတ်အထိ၊
ဗာရှန်ပြည်ရှိ ယာဣရမြို့ငယ်ပေါင်း ခြောက်ဆယ်အပါအဝင် ဗာရှန်ဘုရင်ဩဃမင်းကြီးအုပ်စိုးသော မဟာနိမ်မြို့မှ ဗာရှန်ပြည်တစ်ပြည်လုံး၊
ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် ရုဗင်အမျိုးအနွယ်ပိုင် ကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအနွယ်ပိုင် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအနွယ်ပိုင် ဗာရှန်ပြည်ရှိ ဂေါလန်မြို့တို့ကို ရွေးချယ်၏။
ကေဒမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မေဖတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။
ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)