Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 21:38 - Common Language Bible

38-39 သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38-39 ဂဒ် နယ် တွင် ဂိ လဒ် ပြည် ရှိ လူ သတ် ခို ဝင် ရာ ရာ မုတ်၊ မ ဟာ နိမ်၊ ဟေ ရှ ဘုန်၊ ယာ ဇာ မြို့ များ နှင့် စား ကျက် ပါ လေး မြို့ ကိုလည်း ကောင်း ပေး ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ဂဒ်​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 21:38
14 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။


အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-


ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-


ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-


အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-


ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊


ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊


ဂဒ်​နယ်​မှ​ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့၊ မ​ဟာ​နိမ်​မြို့၊


ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။


သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။-


သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-


ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-


ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့​တို့​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ