ယောလ၏မြစ်၊ ရှေမာ၏မြေး၊ အာဇာတ်၏သားဗေလ တို့ဖြစ်ကြ၏။ သူတို့သည် အာရော်မြို့၊ နေဗောမြို့၊ ဗာလမုန်မြို့အထိ နေထိုင်ကြ၏။
ယောရှု 13:17 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊ Common Language Bible ဟေရှဘုန်မြို့နှင့်ကုန်းပြင်မြင့်ပေါ်ရှိမြို့ များဖြစ်သောဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊- Garrad Bible ဟေ ရှ ဘုန် မြို့ နှင့် တ ကွ ပျံ့ ရှိ မြို့ ရွာ၊ Judson Bible ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသောမြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊ |
ယောလ၏မြစ်၊ ရှေမာ၏မြေး၊ အာဇာတ်၏သားဗေလ တို့ဖြစ်ကြ၏။ သူတို့သည် အာရော်မြို့၊ နေဗောမြို့၊ ဗာလမုန်မြို့အထိ နေထိုင်ကြ၏။
ယုဒအမျိုးအနွယ်အချို့သည် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒိဘုန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ယေကပ်ဇေလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများတွင် မိမိတို့အပိုင်မြို့ရွာလယ်မြေများအဖြစ် အခြေချနေထိုင်ကြ၏။
အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။
တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။
မောဘပြည်တောင်စောင်းတစ်လျှောက် အရေးပါသောနယ်စပ်မြို့များဖြစ်သည့် ဗက်ယေရှိမုတ်မြို့၊ ဗာလမုန်မြို့၊ ကိရယသိမ်မြို့တို့ကို ငါကျိုးပေါက်စေမည်။
မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊
ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။
သို့သော် ငါတို့သည် သူတို့ကိုပစ်ခတ်သဖြင့် ဟေရှဘုန်မြို့မှ ဒိဘုန်မြို့တိုင်အောင် ပျက်စီးလေပြီ။ မေဒဘအရပ်မှ နောဖာအရပ်တိုင်အောင် လူသူကင်းမဲ့လေပြီ”ဟု စပ်ဆိုကြ၏။
နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
နေဗော၊ ဗာလမုန်၊ (အမည်ပြောင်းထားသောမြို့များ) စိဗမာစသော မြို့တို့ကို တည်ဆောက်ကြ၏။ သူတို့တည်ဆောက်သောမြို့တို့၏အမည်များကို အမည်အသစ်ဖြင့်မှည့်ခေါ်ကြ၏။
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
မောရှေသည် အစ္စရေးအမျိုးအနွယ် နှစ်နွယ်နှင့်တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အမွေမြေပေးခဲ့ပြီးဖြစ်၏။ လေဝိအမျိုးကိုကား အမွေမြေ မခွဲပေး။
လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။
အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။