စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။
ယောရှု 12:7 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း၌ လက်ဘနွန်ချိုင့်ဝှမ်းရှိဗာလဂဒ်အရပ်မှ စိရပြည်ဘက်သို့တက်သွားသောဟာလက်တောင်အထိ အောင်နိုင်ခဲ့၏။ သူတို့အောင်နိုင်ခဲ့သောပြည်မှဘုရင်များကား ဤသို့ဖြစ်၏။ (ယောရှုသည် အစ္စရေးအမျိုးအနွယ်တို့ကို သူတို့၏ဝေစုအလိုက် အမွေမြေခွဲဝေပေး၏။ Common Language Bible ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။- Garrad Bible ယော် ဒန် မြစ် အ နောက် ဘက် လေ ဗ နုန် ချိုင့် ရှိ ဗာ လ ဂဒ် မြို့ မှ စ၍ စိ ရ တောင် အ ရံ ဟာ လက် တောင် တိုင် အောင် ယော ရှု နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ပြီး လျှင်၊ အ နွယ် အ သီး အ သီး တို့ ဝေ ပုံ အ လိုက် ဣ သ ရေ လ လူ မျိုး တို့ အား ယော ရှု အ ပိုင် ပေး သော ပြည့် ရှင်၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ အ မျိုး၊ ခင်တန်း၊ ရှ ဖေ လာ ခ ရိုင်၊ အ ရာ ဗာ ချိုင့်၊ တောင် စောင်း၊ သဲ ကန္တာ ရ၊ နေ ဂပ် ခ ရိုင် ကို အုပ် စိုး သော ဘု ရင် မင်း များ ကား၊ Judson Bible ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့မှစ၍၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ |
စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ဧဒုံပြည်၌ မူလနေထိုင်သူဟောရိလူမျိုးစိရ၏သားတို့မှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
သူကြီးဒိရှုန်၊ သူကြီးဧဇာ၊ သူကြီးဒိရှန် တို့ဖြစ်ကြ၏။ ဤသူတို့ကား စိရပြည်၌ အမျိုးအနွယ်အလိုက်သူကြီးဖြစ်ကြသော ဟောရိလူမျိုးတို့၏အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။
၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်၊ ဗာရှန်ဘုရင် ဩဃနှင့် ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ပါ၏။
ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။
စိရပြည်ဘက်သို့တက်သွားသော ဟာလက်တောင်အထိ၊ ထိုမှ ဟေရမုန်တောင်ခြေ လက်ဘနွန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်အရပ်အထိ သိမ်းယူခဲ့၏။ ရှင်ဘုရင်အပေါင်းတို့ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်ကွပ်မျက်လေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
လူအားလုံးဂျော်ဒန်မြစ်ကိုဖြတ်ကူးပြီးသည်အထိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၊ ခြောက်သွေ့သောမြေပေါ်၌ မြဲမြံစွာရပ်နေကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ခြောက်သွေ့သောမြေပေါ်၌ ကူးသွားရကြ၏။
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ