ယောရှု 12:7 - Common Language Bible
7 ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
7-8 ယော် ဒန် မြစ် အ နောက် ဘက် လေ ဗ နုန် ချိုင့် ရှိ ဗာ လ ဂဒ် မြို့ မှ စ၍ စိ ရ တောင် အ ရံ ဟာ လက် တောင် တိုင် အောင် ယော ရှု နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ပြီး လျှင်၊ အ နွယ် အ သီး အ သီး တို့ ဝေ ပုံ အ လိုက် ဣ သ ရေ လ လူ မျိုး တို့ အား ယော ရှု အ ပိုင် ပေး သော ပြည့် ရှင်၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ အ မျိုး၊ ခင်တန်း၊ ရှ ဖေ လာ ခ ရိုင်၊ အ ရာ ဗာ ချိုင့်၊ တောင် စောင်း၊ သဲ ကန္တာ ရ၊ နေ ဂပ် ခ ရိုင် ကို အုပ် စိုး သော ဘု ရင် မင်း များ ကား၊
အခန်းကိုကြည့်ပါ။ ကော်ပီ
7-8 ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့မှစ၍၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း၌ လက်ဘနွန်ချိုင့်ဝှမ်းရှိဗာလဂဒ်အရပ်မှ စိရပြည်ဘက်သို့တက်သွားသောဟာလက်တောင်အထိ အောင်နိုင်ခဲ့၏။ သူတို့အောင်နိုင်ခဲ့သောပြည်မှဘုရင်များကား ဤသို့ဖြစ်၏။ (ယောရှုသည် အစ္စရေးအမျိုးအနွယ်တို့ကို သူတို့၏ဝေစုအလိုက် အမွေမြေခွဲဝေပေး၏။
အခန်းကိုကြည့်ပါ။ ကော်ပီ