အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 39:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြည်းရိုင်း​ကို မည်သူ လွတ်လပ်ခွင့်​ပေး​ထား​သနည်း​။ ချည်နှောင်​ထား​သော​မြင်းရိုင်း​ကြိုး​ကို မည်သူ​ဖြေ​ပေး​သနည်း​။

အခန်းကိုကြည့်ပါ။

Common Language Bible

တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

တော ကို အိမ် အ ဖြစ် ဖြင့်လည်း ကောင်း၊ ဆား မြေ တွင်း ကို နေ ရာ အ ဖြစ် ဖြင့်လည်း ကောင်း၊ ငါ ခန့် ထား ရာ မြင်း ရိုင်း ကို လွှတ် သွား စေ သူ၊ တော မြည်း ချည် ကြိုး ကို ဖြေ လွှတ် သူ ကား မည် သူ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

တော​မြည်း​ကို အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လွှတ်​သ​နည်း။ တော​မြင်း၌ ချည်​နှောင်​ခြင်း​ကို အ​ဘယ်​သူ​ဖြေ​သ​နည်း။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 39:5
13 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မြည်းရိုင်း​ကဲ့သို့သော​သူ​ဖြစ်​ပြီး သူ​သည် လူ​တိုင်း​ကို​ဆန့်ကျင်​လိမ့်မည်​။ လူ​တိုင်း​သည်​လည်း သူ့​ကို​ဆန့်ကျင်​လိမ့်မည်​။ သူ​သည် မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ရန်ဘက်ပြု​လျက်​နေထိုင်​လိမ့်မည်​”​ဟု မြွက်ဆို​၏​။


ဣသခါ​သည် သိုးခြံ​များ​ကြား​၌​ဝပ်​နေ​သော သန်မာ​သည့်​မြည်း​ဖြစ်​၏​။


မြည်းရိုင်း​သည် လူ​ကို​မွေးထုတ်​သောအခါ​မှသာ ပညာမဲ့​သော​သူ​သည် ပညာရှိ​ဖြစ်လာ​နိုင်​လိမ့်မည်​။


ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။


နွားရိုင်း​ကို ကြိုးချည်​ပြီး လယ်ထွန်​ခိုင်း​၍ ရ​မည်လော​။ သင့်​နောက်သို့​လိုက်​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တွင် လယ်ထွန်​လိမ့်​မည်လော​။


သားပေါက်​တို့​သည် ကွင်းပြင်​တွင်ပင် ကြီးပြင်း​သန်စွမ်း​လာ​၍ အမိ​ထံမှ ထွက်သွား​ပြီး ပြန်လာ​လေ့​မ​ရှိ​။


မြည်းရိုင်း​သည် မြက်နု​ရှိ​လျက်​နှင့် ဟီ​မည်လော​။ နွား​သည်​လည်း အစာ​ရှိ​လျက်​နှင့် အော်​မည်လော​။


ထို​စမ်းရေ​တို့​သည် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​အား သောက်စရာ​ရေ​ကို​ပေး​၍ မြည်းရိုင်း​တို့​ကို ရေငတ်​ပြေ​စေ​၏​။


အကြောင်းမူကား နန်းတော်​သည် စွန့်ထား​ခြင်း​ခံရ​၍ လူ​စည်ကား​သော​မြို့​သည် စွန့်ခွာ​ခြင်း​ခံရ​မည်​။ ရဲတိုက်​၊ ကင်းစောင့်မျှော်စင်​တို့​သည် သားရဲ​တို့​အစဉ်​ခိုအောင်းရာ ဖြစ်သွား​လိမ့်မည်​။ မြည်းရိုင်း​များ​နေပျော်​ရာ​၊ တိရစ္ဆာန်​တို့​ကျက်စား​ရာ ဖြစ်​လိမ့်မည်​။


မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။


ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။


သူ​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ နှင်ထုတ်​ခြင်း​ခံရ​၍ သူ​၏​စိတ်​သည် တိရစ္ဆာန်​စိတ်​ကဲ့သို့​ဖြစ်လာ​ပြီး မြည်းရိုင်း​တို့​နှင့်အတူ နေ​ခဲ့​ရ​ပါ​၏​။ အမြင့်ဆုံး​သော​ဘုရားသခင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သူ​သိမှတ်​သည့်​တိုင်အောင် သူ​သည် နွား​ကဲ့သို့​မြက်​ကို​စား​၍ ကိုယ်​သည်​လည်း မိုးကောင်းကင်​နှင်း​များ​နှင့် စို​၍​နေ​ခဲ့​ရ​ပါ​၏​။


အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။