Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 39:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ကန္တာရ​ကို သူ​၏​နေအိမ်​၊ ဆားမြေ​ကို သူ​နေစရာမြေ​အဖြစ် ငါ​ပေး​ထား​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 တော​ကို သူ့​အိမ်​ဖို့​လည်း​ကောင်း၊ လွင်​ပြင်​ကို သူ့​နေ​ရာ​ဖို့​လည်း​ကောင်း ငါ​ခန့်​ထား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 39:6
9 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။


သူ​သည် မြို့ပြ​ဆူညံသံ​ကို ဂရုမစိုက်​။ မောင်းနှင်​သော​သူ​တို့​၏​အော်ငေါက်သံ​ကို​လည်း နား​မ​ထောင်​။


အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။


မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။


ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။


ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။


ရွှံ့နွံ​စိမ့်စမ်း​တို့​မှ ရေ​များ​မူကား ရေချို​ဖြစ်လာ​မည်​မ​ဟုတ်​။ ဆားငန်ရေ​ပင် ဖြစ်​နေ​လိမ့်မည်​။


အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။


‘​ထို​ပြည်​တစ်ပြည်လုံး​သည် ကန့်​နှင့်​ဆား မီးလောင်​ထား​သကဲ့သို့​ဖြစ်၍ မျိုးကြဲ​၍​မ​ရ​၊ အစို့အညှောက်​မ​ထွက်​နိုင်​၊ မြက်ပင်​လည်း​မ​ပေါက်​နိုင်​ဘဲ ထာဝရဘုရား​၏​ပြင်း​စွာ​သော​ဒေါသအမျက်​တော်​ဖြင့်​ဖြိုလှဲ​ခဲ့​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​၏​ပျက်စီး​ခြင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ