Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 24:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သူ​တို့​သည် အ​လုပ်​လုပ်​ခြင်း​ငှာ တော၌​ရိုင်း​သော​မြည်း​ကဲ့​သို့ ထွက်​ရ​ကြ၏။ စား​စ​ရာ​ကို​ရှာ​ခြင်း​ငှာ နံ​နက်​စော​စော​သွား၍၊ ကိုယ်​အ​ဖို့​နှင့် သား​သ​မီး​တို့​အ​ဖို့​ကို တော၌​တွေ့​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 24:5
16 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မြည်းရိုင်း​ကဲ့သို့သော​သူ​ဖြစ်​ပြီး သူ​သည် လူ​တိုင်း​ကို​ဆန့်ကျင်​လိမ့်မည်​။ လူ​တိုင်း​သည်​လည်း သူ့​ကို​ဆန့်ကျင်​လိမ့်မည်​။ သူ​သည် မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ရန်ဘက်ပြု​လျက်​နေထိုင်​လိမ့်မည်​”​ဟု မြွက်ဆို​၏​။


သင်​သည် ဓား​ဖြင့်​အသက်မွေး​၍ သင့်​ညီ​ထံ၌​အစေခံ​ရ​လိမ့်မည်​။ သို့သော် သင်​ရုန်းကန်​သော​အားဖြင့် သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​မှ​ချွတ်​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ဓားပြ​တို့​၏​တဲ​သည် အေးချမ်း​လျက်​ရှိ​၏​။ ကိုယ့်​လက်​ဖြင့် ဘုရား​ကို​လုပ်​၍ ဘုရားသခင်​၏​အမျက်​တော်​ကို​နှိုးဆွ​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။


လူသတ်သမား​သည် အရုဏ်တက်​ချိန်​တွင် ထ​၍ ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို သတ်​တတ်​၏​။ ညဘက်​တွင်​မူကား သူ​သည် သူခိုး​ကဲ့သို့​ဖြစ်​၏​။


တိရစ္ဆာန်​အစာ​ကို လယ်ကွင်း​တွင် လိုက်ရိတ်​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​စပျစ်ခြံ​တွင် ကောက်သင်းကောက်​ရ​၏​။


သူ​ရိတ်သိမ်း​ထား​သော​သီးနှံ​များ ဆူးပင်​ကြား​၌​ဝှက်ထား​လျှင်ပင် ဆာလောင်မွတ်သိပ်​သော​သူ​သည် ယူ​စား​လိမ့်မည်​။ သူခိုး​ဓားပြ​တို့​သည် သူ​၏​ဥစ္စာပစ္စည်း​ကို တိုက်ယူ​သွား​လိမ့်မည်​။


လူ​သည် မိမိ​၏​လုပ်ငန်းခွင်​သို့​သွား​၍ နေဝင်ချိန်​တိုင်အောင် မိမိ​အလုပ်​ကို​လုပ်ဆောင်​ပါ​၏​။


အကြောင်းမူကား သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို​မ​ပြု​ရ​လျှင် အိပ်​မ​ပျော်​နိုင်​ကြ​။ တစ်စုံတစ်ဦး​ကို​ခလုတ်တိုက်​အောင်​မ​ပြု​ရ​လျှင် မအိပ်စက်​နိုင်​ကြ​။


ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။


မုန့်ဖုတ်​သော​သူ​သည် တစ်ညလုံး​အိပ်​သော်လည်း နံနက်အချိန်​၌ မီးဖို​သည်​မီး​တောက်လောင်​ဆဲ​ရှိ​သကဲ့သို့ မကောင်းမှု​ပြု​ရန် လျှို့ဝှက်ကြံစည်​နေ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ထို​မီးဖို​ကဲ့သို့ တောက်လောင်​နေ​၏​။


အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။


အိပ်ရာ​ထက်​တွင် ဒုစရိုက်​ပြု​ဖို့​ကြံစည်​နေ​သူ​၊ မကောင်းမှု​ပြု​ဖို့​တွေး​နေ​သူ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​တို့​သည် လုပ်နိုင်စွမ်း​ရှိ​သည့်​အတိုင်း မိုးလင်း​သောအခါ ထို​အကြံ​အတိုင်း လုပ်​တတ်​ကြ​၏​။


ထို​မြို့​၏​အကြီးအကဲ​တို့​သည် ဟိန်းဟောက်​သော​ခြင်္သေ့​များ​နှင့် တူ​၏​။ တရားသူကြီး​တို့​သည် နေဝင်ချိန်​ရောက်​မှ အစာ​ရှာ​၍ နံနက်​တိုင်အောင် ဘာမျှ​မ​ချန်​ဘဲ စား​တတ်​သော​ဝံပုလွေ​များ​နှင့်​တူ​၏​။


ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။


မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ