မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
ယောဘဝတ္တု။ 38:26 - မြန်မာ့စံမီသမ္မာကျမ်း လူမနေသောမြေ၊ လူသူမနေသောတောကန္တာရတွင် မည်သူမိုးရွာစေသနည်း။ Common Language Bible လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊ Judson Bible လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှာလည်းကောင်း၊ |
မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
အကြောင်းမှာ ကိုယ်တော်သည် ရေစက်ရေပေါက်တို့ကို အငွေ့ပြန်စေ၍ မိုးရေအဖြစ် ငွေ့ရည်ဖွဲ့စေ၏။
ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
မိုးရေစီးရာမြောင်းနှင့် မိုးကြိုးစီးရာလမ်းကြောင်းတို့ကို မည်သူဖောက်သနည်း။
မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
တစ်ဖန် ကိုယ်တော်သည် တောကန္တာရကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကို စမ်းရေထွက်ရာအရပ်အဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူပြီး
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
တောကန္တာရမှကျက်စားရာအရပ်တို့သည် ပြည့်လျှံလျက်ရှိ၍ တောင်ကုန်းများသည် ရွှင်လန်းခြင်းဖြင့် လွှမ်းခြုံလျက်ရှိကြပါ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။