“ခွန်အားမဲ့သောသူကို သင်မည်သို့ကူညီလိုက်သနည်း။ လက်ရုံးအားမရှိသောသူကို သင်မည်သို့ထောက်မလိုက်သနည်း။
သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
ထိုအခါ ယောဘက
ဉာဏ်ပညာမရှိသောသူကို သင်မည်သို့အကြံပေးလိုက်သနည်း။ ကိုယ့်အတတ်ပညာကို ကိုယ်အစွမ်းကုန်ပြသလိုက်ပါပြီတကား။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
ငါ့ခွန်အားကား ကျောက်တုံးခွန်အားလော။ ငါ့အသားကား ကြေးနီအသားလော။
ငါသည် ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်။ ဉာဏ်ပညာသည် ငါ့ထံမှ ထွက်သွားလေပြီတကား။
မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
အကျွန်ုပ်အိုမင်းသောအခါ အကျွန်ုပ်ကိုပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အားကုန်ခန်းသောအခါ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ကိုယ်တော်သည် မည်သူနှင့်တိုင်ပင်တော်မူသနည်း။ အသိဉာဏ်ကို ကိုယ်တော်အား မည်သူပေးသနည်း။ တရားမျှတခြင်းလမ်းကို ကိုယ်တော်အား မည်သူသင်ကြားပေးသနည်း။ အသိပညာကို ကိုယ်တော်အား မည်သူသင်ကြားပေးသနည်း။ ထိုးထွင်းသိမြင်ခြင်းလမ်းကို ကိုယ်တော်အား မည်သူပြသပေးသနည်း။