ဆာလံ 71:9 - မြန်မာ့စံမီသမ္မာကျမ်း9 အကျွန်ုပ်အိုမင်းသောအခါ အကျွန်ုပ်ကိုပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အားကုန်ခန်းသောအခါ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible9 ယခုအခါ၌ကျွန်တော်မျိုးသည်အိုမင်းသော ကြောင့် ကျွန်တော်မျိုးအားပစ်ပယ်တော်မမူပါနှင့်။ ယခုအခါမစွမ်းမသန်သောကြောင့် ကျွန်တော်မျိုးအားစွန့်ပစ်တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible9 အို မင်း သော ကာ လ ပယ် ခြင်း၊ အား ကုန် သော ကာ လ စွန့် ခြင်း ပြု တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible9 အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။