Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 40:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ကိုယ်တော်​သည် မည်သူ​နှင့်​တိုင်ပင်​တော်မူ​သနည်း​။ အသိဉာဏ်​ကို ကိုယ်တော်​အား မည်သူ​ပေး​သနည်း​။ တရားမျှတ​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ အသိပညာ​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ ထိုးထွင်းသိမြင်​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​ပြသ​ပေး​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန် အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည် အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 တိုင် ပင် တော် မူ ဘက် အ ဖြစ်၊ ကိုယ် တော် အား ဉာဏ် ပေး၍၊ တ ရား လမ်း နှင့် အ သိ ပ ညာ ကို သွန် သင် လျက်၊ ဉာဏ် လမ်း ကို ညွှန် ပြ သူ ကား မည် သူ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 40:14
9 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ နက်ရှိုင်း​ရာ​အရပ်​၏​မျက်နှာပြင်​ကို မှောင်မိုက်​ဖုံးလွှမ်း​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရေ​မျက်နှာပြင်​ပေါ်တွင် ရစ်ဝဲ​လျက်​နေ​တော်မူ​၏​။


အာဏာရ​မင်း​တို့​ကို​ပင် စီရင်ပိုင်​သော​ဘုရားသခင်​ကို အသိပညာ​သင်ကြား​ပေး​နိုင်​သူ​ရှိ​မည်လော​။


ကိုယ်တော်​၏​နည်းလမ်း​တော်​ကို မည်သူ​သွန်သင်ပြ​နိုင်​သနည်း​။ ‘ကိုယ်တော်​မှား​သည်’​ဟု မည်သူ​ပြော​နိုင်​သနည်း​။


ငါ​သည် မြေကြီး​ကို​အုတ်မြစ်ချ​စဉ်က သင်​အဘယ်မှာ​ရှိ​သနည်း​။ သင်​သိ​လျှင် ပြော​ပါ​လော့​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။


ငါ​ကြည့်ရှု​သောအခါ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​။ ငါ​မေးမြန်း​သောအခါ သူ​တို့​ထဲတွင် ပြန်​ဖြေကြား​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​၊ အကြံပေး​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။


ထို​ခရစ်တော်​ထဲ၌ ဉာဏ်ပညာ​နှင့်​အသိပညာ​တို့​၏​ရတနာ​ရှိသမျှ​တို့​သည် ဖုံးကွယ်​လျက်​ရှိ​ကြ​၏။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ