သူသည် မြုံနေ၍ သားမဖွားသောမိန်းမကို အနိုင်ကျင့်တတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။
ယောဘဝတ္တု။ 22:9 - မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။ Common Language Bible သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။ Garrad Bible မု ဆိုး မ တို့ ကို သင် လက် ချည်း လွှတ် လျက်၊ ဖ သက် ဆိုး တို့၏ လက် ရုံး များ ကို လည်း ချိုး ဖဲ့ ခဲ့ လေ ပြီ။ Judson Bible သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကို ချိုးပြီ။ |
သူသည် မြုံနေ၍ သားမဖွားသောမိန်းမကို အနိုင်ကျင့်တတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။
မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
မြို့တံခါးတွင် ငါ့ကိုကူညီမည့်သူကိုတွေ့သောကြောင့် မိဘမဲ့တို့ကို ငါလက်ရွယ်ခဲ့မိလျှင်
ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။
ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။ သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
အကြောင်းမူကား ဆိုးယုတ်သောသူတို့၏လက်ရုံးသည် ချိုးဖဲ့ခြင်းခံရလိမ့်မည်။ သို့သော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ထောက်မတော်မူ၏။
သူတို့သည် မုဆိုးမနှင့် တိုင်းတစ်ပါးသားကို သတ်ဖြတ်ကြပါ၏။ ဖတဆိုးတို့ကိုလည်း သတ်၍
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
မောဘပြည်ဦးချိုသည် ချိုးဖြတ်ခံရပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီးကို ငါဆန့်ကျင်ဘက်ပြုမည်။ သူကိုင်ထားသောဓား လက်မှလွတ်ကျသွားသည်အထိ သန်မာနေသောလက်နှင့် ကျိုးနေသောလက်ကိုပါ ငါချိုးပစ်မည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
[သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့၏အိမ်ကို မတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။]
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။